မိုးနည္းရပ္၀န္းေဒသ
မျမင္ရတဲ့ေလကုိ ရွဴ၍
မျမင္ရတဲ့ အခ်စ္ကုိ ျပက္ရယ္ျပဳ၍
ကာဗြန္ဒုိင္ေအာက္ဆုိဒ္ေတြနဲ႔
ေပါက္ၿပဲေနတဲ့ ၀ါယာေတြနဲ႔
အျငင္းသန္တဲ့ သူငယ္ခ်င္းေတြနဲ႔။
"စာနာမႈလုံး၀မရိွတဲ့ လူယဥ္ေက်းေတြ"အစ
"ၿငႇိမ္းလုိ႔မရတဲ့မီးေတြ
ၿငိႇမ္းလုိ႔မရတဲ့မီးေတြ"သီခ်င္းအထိ
အာေခါင္ျခစ္ေအာ္လုိ႔
"တုိ႔ဘ၀တုိ႔ကမာၻ"ကုိ ခါးၾကားထုိးလုိ႔
ေပ်ာ္ရႊင္မႈဟာ
မီးပြင့္ေအာင္ ေသြးယူရတဲ့ ဓားပဲလုိ႔
အဆိုးဘက္က ျမင္တယ္
ဘာမွမဆုိင္ဘဲ
အနိဠာရုံေတြနဲ႔တြဲၿပီး
သူ႔အေၾကာင္းကိုမွ ေတြးမိတယ္
ေတြးမိတုိင္းလည္း
ဓားအမႊမ္းခံထားရတဲ့ စာရြက္အလြတ္ေတြ။
မင္းကုိငါခ်စ္တယ္ဆုိေတာ့
အဲဒီႏိုင္ငံေရးမပါေၾကးတဲ့
မ်က္ႏွာေလးမွ မျမင္ရရင္
လဲေသေတာ့မတတ္
မ်က္ႏွာေလး ျမင္ရရင္ဘဲ
လဲေသလို႔ရပါၿပီဆုိလား
အလုပ္မႀကိဳးစားခ်င္တဲ့ လူငယ္ေလးတစ္ေယာက္
ဇယားေတြ ရႈပ္လုိ႔
ဇယားေတြေလွ်ာက္ ေရႊ႕လုိ႔။
ငရဲမႀကီးဘူးထင္လုိ႔
ေန႔စဥ္ျပစ္မွားမိတယ္
က်က္သေရမရိွတဲ့ ညေနခင္းေတြ။
ပုပ္ေနတဲ့ ငါး
ေဆြးေနတဲ့ အစ
ရြဲေနတဲ့ မိန္းမ
သဘာ၀ဓာတ္ေငြ႕သုံး ေမာ္ေတာ္ကားေတြလုိ။
ျမစ္ေရႀကီးျခင္းသတိေပးခ်က္ေတြလည္း
ေမ့လုိ႔
ခုခံေခ်ပခြင့္ေတြလည္းေမ့လုိ႔
စိတ္ကူးသမွ် စီမံကိန္းေတြ
လုံးလုံးေမ့လုိ႔။
ေခါင္းထဲက ထြက္လာတာက
အေခါင္းထဲက ထြက္က်လာတဲ့ အေလာင္းလုိ
မေကာင္းတဲ့ဘက္က ေတြးေတာ့လည္း
မေကာင္းတဲ့ဘက္က ရတယ္
ေကာင္းတဲ့ဘက္က ေတြးေတာ့လည္း
မေကာင္းတဲ့ဘက္က ရတယ္
ကဲ
ေကာင္းတာ ဘာရိွေသးလဲ။
အႏုပညာကလြဲရင္
အားလုံးအဆင္ေျပပါတယ္ဆိုတဲ့ လက္ဖက္ရည္ဆုိင္
အႏုပညာကလြဲရင္
အကုန္ရႏိုင္ပါတယ္ဆိုတဲ့ အရက္ဆုိင္
တစ္ေယာက္က
ပတ္ၾကားအပ္လုိ႔
တစ္ေယာက္က
ေရငတ္လုိ႔
တစ္ေယာက္က
မိုးစုန္းစုန္းခ်ဳပ္လုိ႔
အကုန္လုံး စာမ်က္ႏွာအခက္အခဲေတြနဲ႔
တစ္ကိုယ္လုံး အကိုက္အခဲေတြနဲ႔။
ကိုယ့္ျပႆနာကိုယ္ရွာရင္း
ကိုယ့္လွ်ာကုိယ္ျပန္ျပန္ကုိက္မိ
ကိုယ့္အသက္ကုိ
ကိုယ့္အသက္နဲ႔ ျပန္ထုပ္လုိ႔
မေအာင္ျမင္တဲ့ စစ္တလင္းမွာ
ေရာက္လာမယ့္ သတင္းကုိ
ရင္ဖြင့္ၿပီးေစာင့္ေနတယ္
က်ားကုတ္က်ားခဲ ေဆြးစိတ္ေတြ။
မီးစက္သံေတြ ဆူညံေနတဲ့လမ္းၾကားေတြထဲမွာ
မီးလုိ ေမွ်ာ္လုိ႔
ပူေလာင္ေနတဲ့အခန္းထဲက ထြက္လာၿပီး
ပူေလာင္ေနတဲ့ ဆုိင္ကေလးထဲ
ေငြ႕ရည္ဖြဲ႕လုိ႔။
ေလေၾကာင့္
တံခါးရြက္ေတြ ျပဳတ္ထြက္ကုန္တယ္
လာမယ့္သေဘၤာက
ဆက္သြယ္မႈဧရိယာျပင္ပ ေရာက္ေနတယ္။
ေရခဲေသတၱာထဲမွာ
ပန္းသီးတစ္လုံးကုိ
အေရးေပၚ ေသြးသြင္းထားရတယ္။
ကုန္ကူးေနတဲ့လိပ္ျပာက
ပင့္ကူအိမ္နဲ႔ ၿငိေနတယ္။
ၾကြက္တစ္ေကာင္ဟာ
တစ္ခန္း၀င္ တစ္ခန္းထြက္
တစ္ခန္းၿပီး တစ္ခန္း
အဆင္ေျပမယ့္လမ္းကုိ လုိက္ရွာေနတယ္
ဒီမွာ
ဒါက မီးေတာင္အေသ
ဒီမွာ
ဒါက ေကာေနတဲ့ေျမ
ဆုိေတာ့
ေကာေနတဲ့ေျမေပၚက မီးေတာင္အေသ
ေျပာၾကဦးမယ္
အေရးေပၚအရာေရာက္တယ္လုိ႔
စြန္တစ္ခု ျပတ္က်လာတာနဲ႔
ေလယာဥ္တစ္စင္း ပ်က္က်လာတာနဲ႔
ဂစ္တာတစ္လက္ ႀကိဳးျပတ္သြားတာနဲ႔
ေသနတ္တစ္လက္ က်ည္ဆံကုန္သြားတာနဲ႔
ဆပ္ျပာပူေဖာင္းတစ္လုံး ေပါက္ကြဲသြားတာနဲ႔
ေျမျမဳႇပ္မိုင္းတစ္လုံး ေပါက္ကြဲသြားတာနဲ႔
ဖိနပ္တစ္ဖက္ ကြ်တ္ထြက္သြားတာနဲ႔
မ်က္လုံးတစ္ဖက္ ကြ်တ္ထြက္သြားတာနဲ႔။
စိတ္ကူးေတြ
ေသြးရူးေသြးတန္း ေျပးလႊားလုိ႔။
ေန႔စဥ္ဘ၀ရဲ႕ ပုံျပမ်ဥ္းေတြ
ေျဗာင္းတိေျဗာင္းဆံ၀ါက်ေတြ
အမည္မသိဆဲ(လ္)ေတြ
အမည္မသိဆဲ(လ္)ေတြနဲ႔အတူ
ေသြးက်ေဆးျပားေတြ
ေသြးက်ေဆးျပားေတြနဲ႔အတူ
ဘုိင္အုိရစ္သမ္မွန္မွန္လည္ပတ္ေရးေတြ
ဘုိင္အုိရစ္သမ္မွန္မွန္လည္ပတ္ေရးေတြနဲ႔အတူ
သံေခ်းတက္ ကိရိယာတန္ဆာပလာေတြ
သံေခ်းတတ္ ကိရိယာတန္ဆာပလာေတြနဲ႔အတူ
ဖြင့္လုိ႔ပိတ္လုိ႔ရတဲ့ခလုတ္ေတြ
ခလုတ္ေတြနဲ႔အတူ
ပလိပ္ေရာဂါႏွင့္ေနသားက်သြားၾကသူမ်ား ဆိုတဲ့ေခါင္းစဥ္
အဲဒီေခါင္းစဥ္ကုိ မ်ဥ္းသားမိမွေတာ့
ေခတ္နဲ႔အတူ ေနသားက်လုိ႔။
ေလွ်ာသားကုိ
ေအာင္ျမင္စြာေမြးဖြားႏိုင္ခဲ့ၿပီ
သဘာ၀သမုိင္းျပတုိက္မွာ
ဒိုင္ႏိုေဆာအရိုးစုဟာ အသက္ျပန္၀င္လာၿပီ။
ေဆာက္လက္စအေဆာက္အအုံေပၚက
ယင္တစ္ေလာင္းေလာင္း ေလွကားထစ္ေတြလည္း
တဖ်စ္ဖ်စ္ျမည္လုိ႔။
ေနာက္ဆုံးက လူကလည္း
ေရွ႕ဂြ်မ္းေတြထိုးလုိ႔။
ေရွ႕ဆုံးကလူကလည္း
ေနာက္ဂြ်မ္းေတြထုိးလုိ႔။
ဘယ္သူမွ မၾကားမွေတာ့
ဘယ္သူ႔ကုိ လွမ္းေအာ္ေနဦးမွာလဲ
ေအာ္သံသာ အဖတ္တင္ခံလုိ႔။
လက္ထိုးအန္လည္း
ျပန္ရမွာက ခ်ဥ္စူးစူးသက္ျပင္းေတြ
ေလာက္လန္းလုိ အစြဲအလန္းေတြ။
လူငယ္ဘ၀ကို
မသကၤာမႈနဲ႔ အေလာင္းျပန္ေဖာ္ၾကည့္ေတာ့
ေဆြးေနတဲ့အရိုးက
လက္သီးက်စ္က်စ္ဆုပ္ထားဆဲ
အမွန္တရားသည္လည္း
တန္းဆင္းဇုံမွာ ရုန္းကန္ေနရဆဲ။
ၾကည္ေဇာ္ေအး
[Unicode Version]
မိုးနည်းရပ်၀န်းဒေသ
မမြင်ရတဲ့လေကို ရှူ၍
မမြင်ရတဲ့ အချစ်ကို ပြက်ရယ်ပြု၍
ကာဗွန်ဒိုင်အောက်ဆိုဒ်တွေနဲ့
ပေါက်ပြဲနေတဲ့ ဝါယာတွေနဲ့
အငြင်းသန်တဲ့ သူငယ်ချင်းတွေနဲ့။
"စာနာမှုလုံး၀မရှိတဲ့ လူယဉ်ကျေးတွေ"အစ
"ငြှိမ်းလို့မရတဲ့မီးတွေ
ငြှိမ်းလို့မရတဲ့မီးတွေ"သီချင်းအထိ
အာခေါင်ခြစ်အော်လို့
"တို့ဘ၀တို့ကမ္ဘာ"ကို ခါးကြားထိုးလို့
ပျော်ရွှင်မှုဟာ
မီးပွင့်အောင် သွေးယူရတဲ့ ဓားပဲလို့
အဆိုးဘက်က မြင်တယ်
ဘာမှမဆိုင်ဘဲ
အနိဠာရုံတွေနဲ့တွဲပြီး
သူ့အကြောင်းကိုမှ တွေးမိတယ်
တွေးမိတိုင်းလည်း
ဓားအမွှမ်းခံထားရတဲ့ စာရွက်အလွတ်တွေ။
မင်းကိုငါချစ်တယ်ဆိုတော့
အဲဒီနိုင်ငံရေးမပါကြေးတဲ့
မျက်နှာလေးမှ မမြင်ရရင်
လဲသေတော့မတတ်
မျက်နှာလေး မြင်ရရင်ဘဲ
လဲသေလို့ရပါပြီဆိုလား
အလုပ်မကြိုးစားချင်တဲ့ လူငယ်လေးတစ်ယောက်
ဇယားတွေ ရှုပ်လို့
ဇယားတွေလျှောက် ရွှေ့လို့။
ငရဲမကြီးဘူးထင်လို့
နေ့စဉ်ပြစ်မှားမိတယ်
ကျက်သရေမရှိတဲ့ ညနေခင်းတွေ။
ပုပ်နေတဲ့ ငါး
ဆွေးနေတဲ့ အစ
ရွဲနေတဲ့ မိန်းမ
သဘာ၀ဓာတ်ငွေ့သုံး မော်တော်ကားတွေလို။
မြစ်ရေကြီးခြင်းသတိပေးချက်တွေလည်း
မေ့လို့
ခုခံချေပခွင့်တွေလည်းမေ့လို့
စိတ်ကူးသမျှ စီမံကိန်းတွေ
လုံးလုံးမေ့လို့။
ခေါင်းထဲက ထွက်လာတာက
အခေါင်းထဲက ထွက်ကျလာတဲ့ အလောင်းလို
မကောင်းတဲ့ဘက်က တွေးတော့လည်း
မကောင်းတဲ့ဘက်က ရတယ်
ကောင်းတဲ့ဘက်က တွေးတော့လည်း
မကောင်းတဲ့ဘက်က ရတယ်
ကဲ
ကောင်းတာ ဘာရှိသေးလဲ။
အနုပညာကလွဲရင်
အားလုံးအဆင်ပြေပါတယ်ဆိုတဲ့ လက်ဖက်ရည်ဆိုင်
အနုပညာကလွဲရင်
အကုန်ရနိုင်ပါတယ်ဆိုတဲ့ အရက်ဆိုင်
တစ်ယောက်က
ပတ်ကြားအပ်လို့
တစ်ယောက်က
ရေငတ်လို့
တစ်ယောက်က
မိုးစုန်းစုန်းချုပ်လို့
အကုန်လုံး စာမျက်နှာအခက်အခဲတွေနဲ့
တစ်ကိုယ်လုံး အကိုက်အခဲတွေနဲ့။
ကိုယ့်ပြဿနာကိုယ်ရှာရင်း
ကိုယ့်လျှာကိုယ်ပြန်ပြန်ကိုက်မိ
ကိုယ့်အသက်ကို
ကိုယ့်အသက်နဲ့ ပြန်ထုပ်လို့
မအောင်မြင်တဲ့ စစ်တလင်းမှာ
ရောက်လာမယ့် သတင်းကို
ရင်ဖွင့်ပြီးစောင့်နေတယ်
ကျားကုတ်ကျားခဲ ဆွေးစိတ်တွေ။
မီးစက်သံတွေ ဆူညံနေတဲ့လမ်းကြားတွေထဲမှာ
မီးလို မျှော်လို့
ပူလောင်နေတဲ့အခန်းထဲက ထွက်လာပြီး
ပူလောင်နေတဲ့ ဆိုင်ကလေးထဲ
ငွေ့ရည်ဖွဲ့လို့။
လေကြောင့်
တံခါးရွက်တွေ ပြုတ်ထွက်ကုန်တယ်
လာမယ့်သငေ်္ဘာက
ဆက်သွယ်မှုဧရိယာပြင်ပ ရောက်နေတယ်။
ရေခဲသေတ္တာထဲမှာ
ပန်းသီးတစ်လုံးကို
အရေးပေါ် သွေးသွင်းထားရတယ်။
ကုန်ကူးနေတဲ့လိပ်ပြာက
ပင့်ကူအိမ်နဲ့ ငြိနေတယ်။
ကြွက်တစ်ကောင်ဟာ
တစ်ခန်း၀င် တစ်ခန်းထွက်
တစ်ခန်းပြီး တစ်ခန်း
အဆင်ပြေမယ့်လမ်းကို လိုက်ရှာနေတယ်
ဒီမှာ
ဒါက မီးတောင်အသေ
ဒီမှာ
ဒါက ကောနေတဲ့မြေ
ဆိုတော့
ကောနေတဲ့မြေပေါ်က မီးတောင်အသေ
ပြောကြဦးမယ်
အရေးပေါ်အရာရောက်တယ်လို့
စွန်တစ်ခု ပြတ်ကျလာတာနဲ့
လေယာဉ်တစ်စင်း ပျက်ကျလာတာနဲ့
ဂစ်တာတစ်လက် ကြိုးပြတ်သွားတာနဲ့
သေနတ်တစ်လက် ကျည်ဆံကုန်သွားတာနဲ့
ဆပ်ပြာပူဖောင်းတစ်လုံး ပေါက်ကွဲသွားတာနဲ့
မြေမြုှပ်မိုင်းတစ်လုံး ပေါက်ကွဲသွားတာနဲ့
ဖိနပ်တစ်ဖက် ကျွတ်ထွက်သွားတာနဲ့
မျက်လုံးတစ်ဖက် ကျွတ်ထွက်သွားတာနဲ့။
စိတ်ကူးတွေ
သွေးရူးသွေးတန်း ပြေးလွှားလို့။
နေ့စဉ်ဘ၀ရဲ့ ပုံပြမျဉ်းတွေ
ဗြောင်းတိဗြောင်းဆံဝါကျတွေ
အမည်မသိဆဲ(လ်)တွေ
အမည်မသိဆဲ(လ်)တွေနဲ့အတူ
သွေးကျဆေးပြားတွေ
သွေးကျဆေးပြားတွေနဲ့အတူ
ဘိုင်အိုရစ်သမ်မှန်မှန်လည်ပတ်ရေးတွေ
ဘိုင်အိုရစ်သမ်မှန်မှန်လည်ပတ်ရေးတွေနဲ့အတူ
သံချေးတက် ကိရိယာတန်ဆာပလာတွေ
သံချေးတတ် ကိရိယာတန်ဆာပလာတွေနဲ့အတူ
ဖွင့်လို့ပိတ်လို့ရတဲ့ခလုတ်တွေ
ခလုတ်တွေနဲ့အတူ
ပလိပ်ရောဂါနှင့်နေသားကျသွားကြသူများ ဆိုတဲ့ခေါင်းစဉ်
အဲဒီခေါင်းစဉ်ကို မျဉ်းသားမိမှတော့
ခေတ်နဲ့အတူ နေသားကျလို့။
လျှောသားကို
အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပြီ
သဘာ၀သမိုင်းပြတိုက်မှာ
ဒိုင်နိုဆောအရိုးစုဟာ အသက်ပြန်၀င်လာပြီ။
ဆောက်လက်စအဆောက်အအုံပေါ်က
ယင်တစ်လောင်းလောင်း လှေကားထစ်တွေလည်း
တဖျစ်ဖျစ်မြည်လို့။
နောက်ဆုံးက လူကလည်း
ရှေ့ဂျွမ်းတွေထိုးလို့။
ရှေ့ဆုံးကလူကလည်း
နောက်ဂျွမ်းတွေထိုးလို့။
ဘယ်သူမှ မကြားမှတော့
ဘယ်သူ့ကို လှမ်းအော်နေဦးမှာလဲ
အော်သံသာ အဖတ်တင်ခံလို့။
လက်ထိုးအန်လည်း
ပြန်ရမှာက ချဉ်စူးစူးသက်ပြင်းတွေ
လောက်လန်းလို အစွဲအလန်းတွေ။
လူငယ်ဘ၀ကို
မသင်္ကာမှုနဲ့ အလောင်းပြန်ဖော်ကြည့်တော့
ဆွေးနေတဲ့အရိုးက
လက်သီးကျစ်ကျစ်ဆုပ်ထားဆဲ
အမှန်တရားသည်လည်း
တန်းဆင်းဇုံမှာ ရုန်းကန်နေရဆဲ။
ကြည်ဇော်အေး
Labels: ၾကည္ေဇာ္ေအး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home