ပါလက်စတိုင်းကလေးငယ်တစ်ဦးရဲ့ မေးခွန်း

ခြေလေးတစ်ဖဝါး ချချင်တယ်
ကျောလေးတစ်ခင်း ခင်းချင်တယ်
အရိပ်လေးတစ်ရိပ် ခိုချင်တယ်
ဒီကမ္ဘာကြီးက ကျွန်တော်တို့ကမ္ဘာမဟုတ်ဘူးလားမေမေ
မေမေနင်းထားတဲ့မြေသားက ကမ္ဘာလား မိုင်းလား
ဖေဖေ့နှလုံးသားထဲစိုက်ဝင်နေတဲ့
ကျည်ဆန်က ကျွန်တော်သွားရမယ့် မြေပုံအညွှန်းလား။

ကို​ရွေး

No comments:

Post a Comment