ခရီးထြက္ျခင္း
ငါတုိ႔
ဘုရားဖူး သြားေနၾကတာလားလုိ႔
ေတာအုပ္ေတာင္တန္းေတြက
ေမးေနတယ္။
ရာသီေတြဟာ
ေခ်ာကလက္လုိ ခ်ိဳအီေနတယ္။
ေနမင္းဟာ
၀ိုင္အရက္လုိ ျပင္းရွေနတယ္။
ေကာင္းကင္ဟာ
ေရခဲျပင္လုိ ေအးျမေနတယ္။
လမင္းဟာ
အ၀ါေရာင္ဖရဲသီးမွည့္လုိ
ရႊန္းစိုေနတယ္။
ဒါေၾကာင့္
ငါတုိ႔
ဘုရားဖူးသြားေနၾကတာ ဟုတ္ မဟုတ္
ေတာအုပ္ေတာင္တန္းေတြ
ေတြးၾကည့္ဖို႔ေကာင္းတယ္။
သြယ္ေအာင္
ရုပ္ရွင္ေတးကဗ်ာမဂၢဇင္း
[Unicode Version]
ခရီးထွက်ခြင်း
ငါတို့
ဘုရားဖူး သွားနေကြတာလားလို့
တောအုပ်တောင်တန်းတွေက
မေးနေတယ်။
ရာသီတွေဟာ
ချောကလက်လို ချိုအီနေတယ်။
နေမင်းဟာ
၀ိုင်အရက်လို ပြင်းရှနေတယ်။
ကောင်းကင်ဟာ
ရေခဲပြင်လို အေးမြနေတယ်။
လမင်းဟာ
အဝါရောင်ဖရဲသီးမှည့်လို
ရွှန်းစိုနေတယ်။
ဒါကြောင့်
ငါတို့
ဘုရားဖူးသွားနေကြတာ ဟုတ် မဟုတ်
တောအုပ်တောင်တန်းတွေ
တွေးကြည့်ဖို့ကောင်းတယ်။
သွယ်အောင်
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း
Labels: သြယ္ေအာင္
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home