မုဆိုးမ
ရင္ထဲမွာလည္း ဘာမွမရိွ
အိမ္ထဲမွာလည္း ဘာမွ မရိွေတာ့
သူ႔ကုိၾကည့္ရတာ
သူ႔ေယာက္်ားရဲ႕ ပန္းပဲဖိုေလးထဲက
မီးေသြးခဲနဲ႔တူရဲ႕။
တဆိတ္!
တိတ္တိတ္ကေလးေနၾကစမ္းပါ။
ထုတ္တန္းေပၚမွာ ၾကြက္ပိန္တာေတြ
ေယာက္ယက္ခတ္ေန
တံစက္ၿမိတ္ေအာက္က
ကုန္စုံဆုိင္ေလးမွာ
ေရာင္စုံမုန္႔ထုပ္ေတြ လႈပ္ယမ္းေန
ေနာက္ေဖးစတုိခန္းထဲမွာ
သူ႔ေယာက္်ားရဲ႕ ဓားေတြ သံေခ်းတက္ေန
ထင္းရႈးေသတၱာထဲမွာ
အသံမဲ႔ေရဒီယိုတစ္လုံး ပိုးက်ေန
ညေန
ေလးနာရီထိုးတဲ့အခါ
သူ႔ကေလးေတြ ေက်ာင္းက
ျပန္လာၾကတယ္။
လြယ္အိတ္ အစုတ္ေလးေတြနဲ႔
ေျခေထာက္ေတြမွာ
အနာကေလးေတြနဲ႔။
ေမာင္ရွင္ေစာ
ရုပ္ရွင္ေတးကဗ်ာမဂၢဇင္း
[Unicode Version]
မုဆိုးမ
ရင်ထဲမှာလည်း ဘာမှမရှိ
အိမ်ထဲမှာလည်း ဘာမှ မရှိတော့
သူ့ကိုကြည့်ရတာ
သူ့ယောက်ျားရဲ့ ပန်းပဲဖိုလေးထဲက
မီးသွေးခဲနဲ့တူရဲ့။
တဆိတ်!
တိတ်တိတ်ကလေးနေကြစမ်းပါ။
ထုတ်တန်းပေါ်မှာ ကြွက်ပိန်တာတွေ
ယောက်ယက်ခတ်နေ
တံစက်မြိတ်အောက်က
ကုန်စုံဆိုင်လေးမှာ
ရောင်စုံမုန့်ထုပ်တွေ လှုပ်ယမ်းနေ
နောက်ဖေးစတိုခန်းထဲမှာ
သူ့ယောက်ျားရဲ့ ဓားတွေ သံချေးတက်နေ
ထင်းရှုးသေတ္တာထဲမှာ
အသံမဲ့ရေဒီယိုတစ်လုံး ပိုးကျနေ
ညနေ
လေးနာရီထိုးတဲ့အခါ
သူ့ကလေးတွေ ကျောင်းက
ပြန်လာကြတယ်။
လွယ်အိတ် အစုတ်လေးတွေနဲ့
ခြေထောက်တွေမှာ
အနာကလေးတွေနဲ့။
မောင်ရှင်စော
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း
Labels: ေမာင္ရွင္ေစာ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home