လူျမင္သူျမင္အတြင္းေၾက
ရင္နာစရာကုိ
ဘာေၾကာင့္ ဥပမာ ေပးေနရမလဲ။
ဆီအိုးေပါက္
ဖန္ေျပာင္းကြဲ မီးအိမ္ေဟာင္းကုိ
ေရာင္းမယ္
က်ကြဲသြားတဲ့ လမင္းကုိ
ေလ်ာ္ေၾကးေပးမယ္
ဒီလုိ ရမလား ေတြးတယ္
ဒီလုိ မရဘူးလား ေတြးတယ္။
ေအးေပါ့
အေတြးထဲမွာ
အေတြးကုိ ျငင္းခုန္ေနတုန္း
ျငင္းစရာ ေပ်ာက္သြားတယ္
ေပးပါ
ငါ့လိပ္စာနဲ႔႔ လာတဲ့ ပဲ့တင္သံ။
ေပးပါ
ငါ့လိပ္စာနဲ႔ လာတဲ့ ေဒါသ။
ေပးပါ
ငါ့ကုိ ေပးလုိက္သမွ်ကေတာ့
ငါ့ရင္ထဲမွာ အေငြ႕ဖြဲ႔ကာရယ္
ငါ့စိတ္လုိလုိ တစ္ခုတည္း
(ခပ္ဖြဖြ)
ခြဲထြက္သြားျပန္ဦးေတာ့မယ္
ခြဲထြက္သြားျပန္ဦးေတာ့မယ္။
ေမာင္ယဥ္ႏိုင္(မုံရြာ)
ရုပ္ရွင္ေတးကဗ်ာမဂၢဇင္း
[Unicode Version]
လူမြင်သူမြင်အတွင်းကြေ
ရင်နာစရာကို
ဘာကြောင့် ဥပမာ ပေးနေရမလဲ။
ဆီအိုးပေါက်
ဖန်ပြောင်းကွဲ မီးအိမ်ဟောင်းကို
ရောင်းမယ်
ကျကွဲသွားတဲ့ လမင်းကို
လျော်ကြေးပေးမယ်
ဒီလို ရမလား တွေးတယ်
ဒီလို မရဘူးလား တွေးတယ်။
အေးပေါ့
အတွေးထဲမှာ
အတွေးကို ငြင်းခုန်နေတုန်း
ငြင်းစရာ ပျောက်သွားတယ်
ပေးပါ
ငါ့လိပ်စာနဲ့့ လာတဲ့ ပဲ့တင်သံ။
ပေးပါ
ငါ့လိပ်စာနဲ့ လာတဲ့ ဒေါသ။
ပေးပါ
ငါ့ကို ပေးလိုက်သမျှကတော့
ငါ့ရင်ထဲမှာ အငွေ့ဖွဲ့ကာရယ်
ငါ့စိတ်လိုလို တစ်ခုတည်း
(ခပ်ဖွဖွ)
ခွဲထွက်သွားပြန်ဦးတော့မယ်
ခွဲထွက်သွားပြန်ဦးတော့မယ်။
မောင်ယဉ်နိုင်(မုံရွာ)
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း
Labels: ေမာင္ယဥ္ႏိုင္(မုံရြာ)
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home