19 September, 2017

ေလာကနႏၵာ

ဘယ္ေစာင္းတန္းကပဲ တက္တက္
ဘုရားဖူးေတာ့ အတူတူ။
ဘုရားစူးပါေစရဲ႕
" ဘုရားေလးေတြ ဘုရားေလးေတြ
တစ္ေထာင္ေနာ္ တစ္ေထာင္ ”
ကိုယ္ၾကားသလို အယူျခားသူၾကားသြားမွာ
စိုးရိမ္လိုက္တာ...
သူတို႔ျမင္သလို အုတ္ပံုႀကီးလို႔ ျမင္လာမွာလား...၊
ေမာ့ၾကည့္လိုက္ေတာ့
ဆည္းလည္းသံက ဘဝအေမာကိုလန္းေစၿပီး
ေရႊအတိခ်ထားတဲ့ ၾကည္ညိဳစိတ္က
ေနေရာင္မွာ ေရာင္ျပန္ဟပ္တယ္။
ဘုရား၊တရား လိုက္စားတာလား
ဘုရား၊တရား အလိုက္မမွားေအာင္လား
မသိက်ိဳးကြၽန္ျပဳလို႔
ရင့္က်က္သူပီပီ
ဧရာဝတီက ေအးေအးေဆးေဆးစီးျမဲစီးေန၊
ဆယ္(လ္)ဖီကို ဘုရားေရာ ပါေအာင္ဆြဲလို႔
ဘုရားကို ေက်ာေပး
ေနဝင္ခ်ိန္ကို ေငးၾကည့္ေနၾကတယ္။
ေစာင္းတန္းေပၚက အဆင္း
ခ်ိတ္ထားတဲ့ စိပ္ပုတီးကုံးေလး ပ်က္က်သြားသလို
ပုတီးလံုးေလးေတြ လိမ့္ဆင္းသြားၾကတယ္
အပါယ္တံခါးမပိတ္ခင္
ကိုယ့္အိမ္ ကိုယ့္ယာဆီ...။

᠌᠌᠌᠌᠌᠌လင္းမိုးေစြ


[Unicode Version]


လောကနန္ဒာ

ဘယ်စောင်းတန်းကပဲ တက်တက်
ဘုရားဖူးတော့ အတူတူ။
ဘုရားစူးပါစေရဲ့
" ဘုရားလေးတွေ ဘုရားလေးတွေ
တစ်ထောင်နော် တစ်ထောင် ”
ကိုယ်ကြားသလို အယူခြားသူကြားသွားမှာ
စိုးရိမ်လိုက်တာ...
သူတို့မြင်သလို အုတ်ပုံကြီးလို့ မြင်လာမှာလား...၊
မော့ကြည့်လိုက်တော့
ဆည်းလည်းသံက ဘဝအမောကိုလန်းစေပြီး
ရွှေအတိချထားတဲ့ ကြည်ညိုစိတ်က
နေရောင်မှာ ရောင်ပြန်ဟပ်တယ်။
ဘုရား၊တရား လိုက်စားတာလား
ဘုရား၊တရား အလိုက်မမှားအောင်လား
မသိကျိုးကျွန်ပြုလို့
ရင့်ကျက်သူပီပီ
ဧရာဝတီက အေးအေးဆေးဆေးစီးမြဲစီးနေ၊
ဆယ်(လ်)ဖီကို ဘုရားရော ပါအောင်ဆွဲလို့
ဘုရားကို ကျောပေး
နေဝင်ချိန်ကို ငေးကြည့်နေကြတယ်။
စောင်းတန်းပေါ်က အဆင်း
ချိတ်ထားတဲ့ စိပ်ပုတီးကုံးလေး ပျက်ကျသွားသလို
ပုတီးလုံးလေးတွေ လိမ့်ဆင်းသွားကြတယ်
အပါယ်တံခါးမပိတ်ခင်
ကိုယ့်အိမ် ကိုယ့်ယာဆီ...။

᠌᠌᠌᠌᠌᠌လင်းမိုးစွေ

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home