21 September, 2017

နိမိတ္သံုးပါး

မီးကို မီးနဲ႔တားၿပီးမွ
ျပာအေၾကာင္း ဆက္ေျပာၾကတာေပါ့
ဆံုးရံႈးမႈက ပိုင္ဆိုင္တယ္လို႔ ထင္ကတည္းက
လက္လႊတ္ရၿပီးပါၿပီ
အသစ္လား
ေနာက္တစ္ေၾကာင္းကူးလိုက္တာနဲ႔ ေဟာင္းသြားၿပီ
အိုသြားၿပီ
ဒဏ္ရာသာ ေသခ်ာပေလ့ေစ
အခ်ိန္တန္ နာလာမွာပါ
ေသတဲ့သူက မငိုေတာ့တဲ့အေၾကာင္း
ငိုယိုၿပီး ေျပာေနၾက အဲဒီ အသုဘမွာ
ေစာလြန္းျခင္း ေနာက္က်ျခင္းက
ပါဝင္ပတ္သက္ေနမႈအတြင္း၌သာတည္ေနတာ
တစ္ရက္ခ်င္း
တစ္ရြက္ခ်င္း လွန္ဖတ္ေနရတဲ့ စာမ်က္ႏွာ
သိပ္မ်ားမ်ား မက်န္ေတာ့ဘူး
လူ႔သက္တမ္းနဲ႔တြက္ၾကည့္ရင္...
ဒီလို စကားလံုးအႀကီးႀကီးေတြနဲ႔​ေျပာ​ေတာ့
နား​ေထာင္​ရတာ နားနဲ႔ေတာင္မဆံ့
မ်က္ႏွာျပရတာကိုက မ်က္ႏွာပ်က္စရာ
ေသခ်င္ေစာ္နံပါတယ္
ဒီအေၾကာင္းဆက္ေျပာမယ္ဆိုရင္
ဝါက်တည္ေဆာက္ပံု မွန္တယ္
ပုဒ္အထားအသို ေနရာမလြဲဘူး
သံသရာက ပုဒ္မ ခ်မထားေတာ့
လည္တယ္...

လင္းမိုးေစြ
၂၉.၁.၂၀၁၇
ပိေတာက္ပြင့္သစ္ မဂၢဇင္း
ဇြန္လ၊၂၀၁၇



[Unicode Version]

နိမိတ်သုံးပါး

မီးကို မီးနဲ့တားပြီးမှ
ပြာအကြောင်း ဆက်ပြောကြတာပေါ့
ဆုံးရှုံးမှုက ပိုင်ဆိုင်တယ်လို့ ထင်ကတည်းက
လက်လွှတ်ရပြီးပါပြီ
အသစ်လား
နောက်တစ်ကြောင်းကူးလိုက်တာနဲ့ ဟောင်းသွားပြီ
အိုသွားပြီ
ဒဏ်ရာသာ သေချာပလေ့စေ
အချိန်တန် နာလာမှာပါ
သေတဲ့သူက မငိုတော့တဲ့အကြောင်း
ငိုယိုပြီး ပြောနေကြ အဲဒီ အသုဘမှာ
စောလွန်းခြင်း နောက်ကျခြင်းက
ပါဝင်ပတ်သက်နေမှုအတွင်း၌သာတည်နေတာ
တစ်ရက်ချင်း
တစ်ရွက်ချင်း လှန်ဖတ်နေရတဲ့ စာမျက်နှာ
သိပ်များများ မကျန်တော့ဘူး
လူ့သက်တမ်းနဲ့တွက်ကြည့်ရင်...
ဒီလို စကားလုံးအကြီးကြီးတွေနဲ့​ပြော​တော့
နား​ထောင်​ရတာ နားနဲ့တောင်မဆံ့
မျက်နှာပြရတာကိုက မျက်နှာပျက်စရာ
သေချင်စော်နံပါတယ်
ဒီအကြောင်းဆက်ပြောမယ်ဆိုရင်
ဝါကျတည်ဆောက်ပုံ မှန်တယ်
ပုဒ်အထားအသို နေရာမလွဲဘူး
သံသရာက ပုဒ်မ ချမထားတော့
လည်တယ်...

လင်းမိုးစွေ
၂၉.၁.၂၀၁၇
ပိတောက်ပွင့်သစ် မဂ္ဂဇင်း
ဇွန်လ၊၂၀၁၇

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home