19 September, 2017

ရတနာ႔ဂူ

ယံုၾကည္မႈက ေခါက္တုံ႔ေခါက္ျပန္
ငွက္သမၺန္ေလွကေလးေတြ
ေျမလမ္းထက္ ေရလမ္းျဖဴးခဲ့
အယူအစြဲကို ပဲ့နဲ႔ထိမ္းထားသလို
တစ္နွစ္တစ္ခာ ပြဲေတာ္
နတ္ဒိုးသံ နားထဲ မေပ်ာ္မခ်င္း
ၾကည့္ကြဲ႔ ၾကည့္ကြဲ႔
ငွက္သံလား ေရသံလား မသဲမကြဲ
အိပြဲ႔ အိပြဲ႔
ေသာေသာညံခဲ့တယ္။

လင္းမိုးေစြ
၂.၇.၂၀၁၇

[ Unicode Version ]


ရတနာ႔ဂူ

ယုံကြည်မှုက ခေါက်တုံ့ခေါက်ပြန်
ငှက်သမ္ဗန်လှေကလေးတွေ
မြေလမ်းထက် ရေလမ်းဖြူးခဲ့
အယူအစွဲကို ပဲ့နဲ့ထိမ်းထားသလို
တစ်နှစ်တစ်ခာ ပွဲတော်
နတ်ဒိုးသံ နားထဲ မပျော်မချင်း
ကြည့်ကွဲ့ ကြည့်ကွဲ့
ငှက်သံလား ရေသံလား မသဲမကွဲ
အိပွဲ့ အိပွဲ့
သောသောညံခဲ့တယ်။

လင်းမိုးစွေ
၂.၇.၂၀၁၇

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home