ဘီးတပ္ကုလားထုိင္
ပုံစံခြက္ထဲက
ဆြဲထုတ္လုိက္တဲ့
ငုတ္တုတ္ထုိင္ သက္ရိွရုပ္ထုတစ္ခု
ၿငိတြယ္ေနတဲ့ အသံလိႈင္းမ်ားရယ္
ကမ္းစပ္ကုိ ျဖည္းျဖည္းအိအိ
လိွမ့္ဆင္းလာခဲ့ၿပီ။
ခန္းဆီး
ျပတင္း
၀ရန္တာ
ၾကမ္းျပင္
တြဲလြဲခ်ိတ္ပန္းအိုးမ်ား
ထုိအရာအားလုံးနဲ႔ အေဆြခင္ပြန္းဖြဲ႕လုိ႔
ဒါ
သူ ေနထုိင္ရာ ကမာၻပဲေပါ့။
ထြက္ေျပးမူ၀ါဒကလည္း
အထီးက်န္ျခင္းနဲ႔ ပဋိပကၡျဖစ္လုိ႔
ႏြံနစ္ေနသူပါ။
ေနာက္ဆုံး
မ်က္ႏွာက်က္
ေကာင္းကင္
နံရံေတြကလည္း
သူ႔အသည္းကုိ မခြဲရက္ေတာ့ပါ။
လက္ခနဲ
ေတာက္ပသြားတဲ့ အလင္းေရာင္နဲ႔အတူ
ဘ၀ကုိ
ထုိင္လ်က္ ေရြ႕လ်ားေစတတ္ၿပီ။
သြယ္ေအာင္
ရုပ္ရွင္ေတးကဗ်ာ ၊ ၁၉၇၅
[Unicode Version]
ဘီးတပ်ကုလားထိုင်
ပုံစံခွက်ထဲက
ဆွဲထုတ်လိုက်တဲ့
ငုတ်တုတ်ထိုင် သက်ရှိရုပ်ထုတစ်ခု
ငြိတွယ်နေတဲ့ အသံလှိုင်းများရယ်
ကမ်းစပ်ကို ဖြည်းဖြည်းအိအိ
လှိမ့်ဆင်းလာခဲ့ပြီ။
ခန်းဆီး
ပြတင်း
၀ရန်တာ
ကြမ်းပြင်
တွဲလွဲချိတ်ပန်းအိုးများ
ထိုအရာအားလုံးနဲ့ အဆွေခင်ပွန်းဖွဲ့လို့
ဒါ
သူ နေထိုင်ရာ ကမ္ဘာပဲပေါ့။
ထွက်ပြေးမူဝါဒကလည်း
အထီးကျန်ခြင်းနဲ့ ပဋိပက္ခဖြစ်လို့
နွံနစ်နေသူပါ။
နောက်ဆုံး
မျက်နှာကျက်
ကောင်းကင်
နံရံတွေကလည်း
သူ့အသည်းကို မခွဲရက်တော့ပါ။
လက်ခနဲ
တောက်ပသွားတဲ့ အလင်းရောင်နဲ့အတူ
ဘ၀ကို
ထိုင်လျက် ရွေ့လျားစေတတ်ပြီ။
သွယ်အောင်
ရုပ်ရှင်တေးကဗျာ ၊ ၁၉၇၅
Labels: သြယ္ေအာင္
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home