31 December, 2018
ဘာပဲဖြစ်ဖြစ်
မလှသော်လည်းချစ်ရတယ်
သတ်ပုံမမှန်လည်း
ရင်ခုန်ရတယ်။
အတည်ပေါက်ပဲ။
ထမင်းလည်းမစားဘူးဆို
ဦးကျောက်လည်းမလာနဲ့
မျက်ရည်။
ခင်ဇော်မြင့်
သော်တာလင်းသူရဲ့ပေးစာ
ဘာပဲဖြစ်ဖြစ်
မလှသော်လည်းချစ်ရတယ်
သတ်ပုံမမှန်လည်း
ရင်ခုန်ရတယ်။
အရက်တွေသောက်နေတာမဟုတ်လားဆို
နားထားတာကြာပြီလေ သမီးလေးရဲ့
အတည်ပေါက်ပဲ။
ထမင်းလည်းမစားဘူးဆို
နားထားတာကြာပြီလေ သမီးရဲ့။
ကဗျာတွေလည်းမရေးတော့ဘူးဆို
နားထားတာကြာပြီလေ သမီးရဲ့။
သင်္ကြန်တွင်း ဘုန်းကြီးဝတ်မယ်ဆို
နားထားတာကြာပြီ သမီးရဲ့။
သမီးလေးက တရားစခန်းဝင်မယ်တဲ့
ဦးကျောက်လည်းမလာနဲ့
ခင်ဇော်မြင့်လည်း မလာနဲ့တဲ့
သမီးအကြောင်းသိတယ်နော်
မျက်ရည်။
ခင်ဇော်မြင့်
Labels:
30 December, 2018
ပွဲတော်
ကိုယ်က
မင်းဒီ
(Unicode)
ပွဲတော်
တစ်ချို့က . . . မြို့အနှံ့လျှောက်လည်ကြတယ်
တစ်ချို့က . . . ပျော်ပွဲရွှင်ပွဲတွေကို သွားကြတယ်
တစ်ချို့က . . . ပန်းခြံတွေဆီ အပန်းဖြေသွားကြတယ်
ကိုယ်က
မင်းအကြောင်းလေးတွေ ထိုင်တွေးနေလိုက်တယ်။
မင်းဒီ
Labels:
27 December, 2018
နွေဥသြ
ဥသြအော်
ဥသြအော်
ရူးချင်စရာပဲ။
အောင်ချိမ့်
(unicode)
နှဥေသွ
တစ်နေ့လုံး တစ်ညလုံး ဥသြအော်
ဥသြအော်
ဥသြအော်
ရူးချင်စရာပဲ။
အောင်ချိမ့်
Labels:
လျှာထိုးဦးထုပ်
လက်အစုံပူးချည်
ကဗျာဆရာဖြစ်ခဲ့ရ
အောင်ချိမ့်ဖြစ်ခဲ့ရ
"မင်းက အောင်ချိမ့်လား"။
မောင်ပြည့်မင်း
မိုးမခ။ သြဂုတ်။ ၂၀၁၈
(unicode)
လျှာထိုးဦးထုပ်
ဒုန်းစိုင်းမြင်းကောင်နောက်
လက်အစုံပူးချည်
တရကြမ်း လျောတိုက်ပါခဲ့ရ
အသက်ဖွေးဖွေး လှုပ်ခါမှ
ရေအေးအေး တစ်ခွက်သောက်ခဲ့ရ
ကဗျာဆရာဖြစ်ခဲ့ရ
အောင်ချိမ့်ဖြစ်ခဲ့ရ
"မင်းက အောင်ချိမ့်လား"။
မောင်ပြည့်မင်း
မိုးမခ။ သြဂုတ်။ ၂၀၁၈
Labels:
26 December, 2018
ဒီဇင္ဘာ
သင့်ထံသို့ ငါ
 ဆစ်ခ်
ဒီဇင်ဘာ၊ ၂၀၁၈
ဒီဇင်ဘာ
အစဉ်အလာအရဆိုရင်တော့ မြူခိုးတွေနဲ့ စ,ရမှာပဲ
သို့သော် ပိတ်ထားသော တံခါးချပ်များနောက်
တစ်စုံတစ်ယောက်၏ လက်ဖဝါးများ တိတ်တဆိတ် ရောက်ရှိလာပုံ
အခန်းနံရံအား တဂျစ်ဂျစ်မြည်အောင် ကုတ်ဖဲ့ပုံ
ချစ်ခြင်း၏ အပိုင်းပိုင်းအထစ်ထစ် အရသာအား
ကိုယ့်အသားကိုယ် ဖဲ့ဝါးလျက် တွေးတောတတ်ကြသော ဇွန်ဘီများသဖွယ်
မွှေးပွစောင်တစ်ထည် ဆွဲခြုံလိုက်မှ
တစ်ဦးတစ်ယောက်ရဲ့ ဖြစ်ရှိနေမှုဟာ ပို၍ ထင်ရှားလာရ
သင့်ထံသို့ ငါ
တိုက်ကြိုတိုက်ကြားတွေကြား ခြေဗလာကျင်း ပြေးလာနေရင်းက
မြို့ပြရဲ့ နောက်ဆုံးမျိုးဆက်အုန်းပင်နဲ့ ပွတ်သပ်မိခဲ့
သိပ်ရက်စက်တဲ့ နှင်းတွေ။
ဆစ်ခ်
ဒီဇင်ဘာ၊ ၂၀၁၈
Labels:
ဆစ်ခ်
ဒီဇင်ဘာ၊ ၂၀၁၅
လူနဲ့ သာသနာနဲ့ တွေ့တယ်၊ ဒါပေမယ့် တစ်ယောက်ကို တစ်ယောက် မမှတ်မိကြဘူး
တဖြည်းဖြည်းနဲ့ မန္တလေးသိန်းဇော်ရဲ့အသံဟာ လှုပ်ခါလာတယ်
ပြီးတော့ တကျွိကျွိ မြည်လာတယ်
DJပြားတွေဟာ သံသရာပါပဲ၊ ဘုန်းကြီးဟာ စိတ်အိုက်လာတိုင်း ကိုယ်ရုံသင်္ကန်းကို ချွတ်ချွတ်ချလေ့ရှိတယ်
ခုတင်ပဲ ဘုန်းတော်ကြီးဟာ ကျောက်ရုပ်ဖြစ်သွားပြီး
အခုချက်ချင်းပဲ မျက်ရည်ကျတယ်ဆိုတဲ့ တန်ခိုးပြာဋိဟာကို
ရပ်ကွက်ထဲ အိမ်ပေါက်စေ့လျှောက်သွားနေတဲ့ မိန်းမက ပြတယ်
တရားထူးတရားမြတ်တွေကို အမှတ်တရတီရှပ်ပေါ် ရေးထားတဲ့ဆိုင်မှာ
မြန်မာနိုင်ငံရဲ့ မြေပုံဟာ မီးပူတိုက်ခံနေရတယ်
ပူလောင်မှုက သာဓုသုံးကြိမ်သုံးခါတိတိ ခေါ်လိုက်တာနဲ့
မကျွတ်မလွတ်သေးတဲ့ ငှက်တွေ တစ်ကောင်ကို ၂၀၀၊ ၃၀၀လောက်နဲ့ ကျွတ်လွတ်သွားကြတယ်
အပါယ်တံခါးပိတ်သွားပြီဆိုတဲ့တစ်ယောက်က သူသွားခဲ့တဲ့ ခရီးတလျှောက်ကုန်ကျစရိတ်ကို စိတ်တွက် တွက်ပြီးတော့မှ ငိုတယ်
အကြောင်းအကျိုးအရတော့ လက်ဖဝါးကလည်း ရိုးရာမပျက် အဓိဌာန်ဝင်ရသလို
ကျောက်တုံးကလည်း တစ်နှစ်ထက်တစ်နှစ် ပိုပိုပေါ့ပေးရ
ပွတ်တိုက်မှုဟာ တန်ခိုးတော်အနန္တပဲ
ဒါကြောင့် ဘုရားဖူးရာသီရောက်တိုင်း ဘုရားဖူးတဲ့ ငါးတွေ လာကြပါတယ်
ကမ်းခြေမှာ အပန်းဖြေရင်း ဝတ်ဆင်ပုံရတဲ့ ဘီကီနီရောင်စုံဆန်းပြားနဲ့ ။
ဆစ်ခ်
ဒီဇင်ဘာ၊ ၂၀၁၅
Labels:
သစ်ပင်ကို
လွယ်မှာပါပဲ
အဲဒါက ခက်လိမ့်မယ်
တော်ရုံဇနဲ့ မရဘူး
ကေဇ၀င်း
2 0 1 7
(Unicode)
မုန့်အနီကို ဘယ်က စ-ဖဲ့ကြရမလဲ ပြဿနာ
သစ်ပင်ကို
သင်းသတ်ဖို့က လွယ်မှာပဲ
တောအုပ်ကို မီးတင်ရှို့ဖို့ကလည်း
လွယ်မှာပါပဲ
သစ်ပင်ကို ဘယ်က စ,စိုက်ရမလဲ
တောအုပ်ကို ဘယ်က စ,ပျိုးထောင်ရမလဲ
အဲဒါက ခက်လိမ့်မယ်
ပျင်းရိသူမိန်းမ တက်တင်းထိုးသလို
လွှင့်ထူပြီးပဟဲ့ဆို.. အလံဟာ ငိုက်ကျနေလို့ မရဘူး
ရဲရုံနဲ့ ကျွဲပြဲစီးလို့ရပေမယ့်
အာရေဗျမြင်းတစီးကို ကုန်းနှီးတင်ကြည့်ချင်လို့တော့
တော်ရုံဇနဲ့ မရဘူး
ဘုရားဖူးဖို့ထက် တရားဦးနာရဖို့က
ပိုအရေးမကြီးပေဘူးလား မိတ်ဆွေတို့။
ကေဇ၀င်း
2 0 1
Labels:
ကေလာမဝင္မီ
ခရီးသွားများ
ဗိုက်ဆာနေကြပြီ။
တောင်ပေါ်ဒေသမှာ
နရနီ
(unicode)
ကလောမဝင်မီ
ရထားပြတင်း ဖွင့်လိုက်တယ်ဆိုရင်
အေးမြခြင်းနဲ့ ထင်းရှူးနံ့က သင်းနေပါတယ်။
ခရီးသွားများ
ဗိုက်ဆာနေကြပြီ။
အရက်လေးတစ်ခွက်တစ်ဖလားနဲ့
စားစရာလေးများ ရနိုင်မလားဗျို့။
တောင်ပေါ်ဒေသမှာ
ကျွန်တော်သိတာ ဒါအကုန်ပဲ။
ဦးသုခရဲ့မီးရထားကြီးကို
ကျွန်တော်တို့ စီးနင်းနေပါတယ်။
နရနီ
Labels:
ငါ ဘယ်သွားရမလဲ
ဂျင်းဘောင်းဘီဆိုတာ
ပိုင်
၂၆ ဒီဇင်ဘာ ၂၀၁၈
(unicode)
ဂျင်းဘောင်းဘီ အဓိပ္ပာယ်
မင်း မောင်းထုတ်တယ်ဆိုတာ
ဒီကမ္ဘာကြီးက မောင်းထုတ်လိုက်တာပါပဲ
ငါ ဘယ်သွားရမလဲ
ငါ့ဂျင်းဘောင်းဘီရဲ့ အဓိပ္ပာယ်က
အမြဲတမ်း မင်းဆီကိုသွားဖို့ပဲ
မင်းဆီကိုသွားဖို့ သူကိုယ်တိုင်
ဖြူရော်လွင့်ပါးသွားတဲ့အထိ ရှင်သန်နေခဲ့တာပဲ
မင်း မောင်းထုတ်လိုက်တဲ့
ဂျင်းဘောင်းဘီဆိုတာ
ဝမ်းနည်းစရာအကောင်းဆုံး အရာ
တစ်ခုလည်း ဖြစ်ခဲ့တယ်ဆိုပါတော့
ပိုင်
၂၆ ဒီဇင်ဘာ ၂၀၁၈
Labels:
25 December, 2018
ငါး
ထားတယ်။
မိတ်လိုက်နေတယ်။
သူ မသိဘူး။
သူ မသိဘူး။
ငါးက အထီးတစ်ကောင်
ယောက်ယက်ခတ်ရတယ်။
အထင်ရောက်နေတယ်။
ဖြတ်လိုက်တယ်။
မောင်ဖီလာ
7.9.2018
IDEA မဂ္ဂဇင်း။ နိုဝင်ဘာ။ ၂၀၁၈
ငါး
ငါးကို ရေထဲမှာမမွေးဘဲ မီး ထဲမှာမွေး
ထားတယ်။
တဖျပ်ဖျပ်ခတ်နေတဲ့မီးပွင့်နဲ့ ငါးဟာ စိတ်တိုင်းကျ
မိတ်လိုက်နေတယ်။
ငါးဟာရေမှော်တွေနဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့
ပုံတူကိုပါ စားပစ်လိုက်တယ်။
ငါး မှာနာမည်မရှိဘူး။ ဒါကြောင့် အလန်ကွာတာမိန်း နာမည်ကိုခဏပေးသုံးဖို့
ငါးဟာ မကြာမကြာပူဆာတယ်။
ငါးဟာ သူ့အသက်ဘယ်လောက်ရှိမှန်း
သူ မသိဘူး။
သူ့ကိုယ်သူ ဘယ်လောက်လှမှန်းလည်း
သူ မသိဘူး။
ငါးရဲ့ဗိုက်ထဲမှာ ဝါယာကြိုးတွေနဲ့ ဆွဲကြိုးချသေနေတဲ့ တိမ်တွေလွင့်နေတယ်။
ငါးရဲ့ မျက်လုံးတစ်ဖက်က တီဗွီမှာလာနေတဲ့
Money Drop အစီအစဉ်ကို ကြည့်နေပြီး
နောက်မျက်လုံးတစ်ဖက်က အလန်ဂျင်းစဘတ်ရဲ့အူသံ ကဗျာကိုဖတ်နေတယ်။
ငါးက အထီးတစ်ကောင်
ဖြစ်နိုင်ဖွယ်ရှိပေမယ့် မိန်းမလှတွေနဲ့ ထမီခတ်သံကို မုန်းတယ်။
ငါးမှာအမြီးမရှိဘူး။ ဒါကြောင့် ခွေးဟောင်သံကို
အမြီးလို ခန္ဓာကိုယ်မှာ ချိတ်ဆွဲထားရတယ်။
စပိတ်တစ်ဖဲချပ်တွေဟာ ငါးရဲ့အကြေးခွံတွေဖြစ်ပြီး
ဗလာဒီမာပူတင်ရဲ့ မျက်နှာပေးလို ငါးရဲ့ အသည်းနှလုံးက မာရေကျောရေရှိတယ်။
ဝန်ကြီးချုပ်ရဲ့မိန့်ခွန်းနဲ့ လူနာတင်ကားရဲ့ဥသြ
ဆွဲသံကို မခွဲခြားတတ်လို့
ငါးဟာကန်ထဲမှာနေပြီး ချောက်ထဲကိုကျကျနေရတယ်။ ငါးဟာအချစ်
ကို အောက်စီဂျင်လို ကိုးကွယ်တယ်။
ဒါကြောင့် မီးမကြာမကြာလာတဲ့ တိုင်းပြည်မှာ
ငါးရဲ့ အသည်းနှလုံးဟာလည်း ခဏခဏ
ယောက်ယက်ခတ်ရတယ်။
ငါးဟာ ငွေစက္ကူကို နတ်ဘုရားရဲ့ နားရွက်လို့
အထင်ရောက်နေတယ်။
လူခြေတိတ်ချိန်ဆို ငါးဟာသူ့ကိုယ်သူနှစ်ပိုင်း
ဖြတ်လိုက်တယ်။
တစ်ပိုင်းကို ကဗျာစာသားတွေနဲ့ရောထားလိုက်
ပြီး ကျန်တစ်ပိုင်းကို လေထဲမျောလာတဲ့အသား
ကြိတ်စက်ထဲ ခုန်ဝင်ခိုင်းလိုက်တယ်။
ဘယ်တော့မှ ရေမကူးတတ်တာ တစ်ခုတည်းနဲ့
ငါးဟာ အလှမွေးသူတွေရဲ့အသည်းစွဲဖြစ်နေဆဲ။
မောင်ဖီလာ
7.9.2018
IDEA မဂ္ဂဇင်း။ နို၀င်ဘာ။ ၂၀၁၈
Labels:
ဒီ​နေ့ ​နေ့စွဲ
သင်​ခန်းစာက
ရွက်​ဆုတ်​ ပြက္ခဒိန်​။
ငယ်​စဉ်​ကလို
တွေ့မြင်​ကြားသမျှ
အဆန်းတကျယ်​မရှိ​တော့
ငါ့မှာ။
သပွတ်​အူ​တွေက မရှုတ်
အစကို လိုက်​ရှာ။
မ​ပျော်​လည်းဟန်​​ဆောင်
ပျော်​လည်းဟန်​​ဆောင်
စွဲမက်​စရာမရှိ​တော့
လက်​ကျန်​​နေ့​တွေ။
မြင်းခုန်​တာလှတယ်
ခွေးခုန်​တာမလှဘူး
လျှောက်​တွေး​နေတာပဲ
လျှောက်​​ရေး​နေတာပဲ
ဒုန်းပျံ ပျံသွားသလို
သမင်​လည်း သမင်​အ​လျောက်
ဒရယ်​လည်း ဒရယ်​အ​လျောက်
လိုမလား။
ခင်​​ဇော်​မြင့်
၁၇.၆.၂၀၁၈
ရေဦးအနုပညာမဂ္ဂဇင်း။ ၂၀၁၈
ဒီ​နေ့ ​နေ့စွဲ
သင်​ခန်​းစာက
အဆုတ်​လိုက်​ အခိုင်​လိုက်​။
​နောက်​တစ်​ရက်​​ရောက်​ဖို့
​နောက်​တစ်​ရွက်​ကို ကြာပန်​းလို​စောင်​့ရ
ရွက်​ဆုတ်​ ပြက္ခဒိန်​။
ငယ်​စဉ်​ကလို
​တွေ့မြင်​ကြားသမ​ျှ
အဆန်​းတကျယ်​မရှိ​တော့
ငါ့မှာ။
ပင်​့ကူမျှင်​​တွေက မရှုတ်​
သပွတ်​အူ​တွေက မရှုတ်​
အားလုံးရှင်​းရှင်​းလင်​းလင်​း
ပထမဆုံးအန်​ဖတ်​မမြင်​နိုင်​​တော့
အစကို လိုက်​ရှာ။
လက်​သည်​းခွံနဲ့ ​ခြေသည်​းခွံကြား
​မ​ပျော်​လည်​းဟန်​​ဆောင်​
​ပျော်​လည်​းဟန်​​ဆောင်​
စွဲမက်​စရာမရှိ​တော့
လက်​ကျန်​​နေ့​တွေ။
မြင်​းခုန်​တာလှတယ်​
​ခွေးခုန်​တာမလှဘူး
ငယ်​စဉ် ​နားရည်​ဝခဲ့​သောစကား။
​လျှောက်​တွေး​နေတာပဲ
​လျှောက်​​ရေး​နေတာပဲ
ဒုန်​းပျံ ပျံသွားသလို
မီးခိုးတန်​းများ အလျင်စလို။
သမင်​လည်​း သမင်​အ​လျောက်​
ဒရယ်​လည်​း ဒရယ်​အ​လျောက်​
ကျရာအခန်​းမှ ဖြတ်​​လျှောက်​ခဲ့ပြီးပါပြီ
ကဗျာကို အစကပြန်​ဖတ်​ကြည့်ဖို့
လိုမလား။
ခင်​​ဇော်​မြင်​့
၁၇.၆.၂၀၁၈
ရေဦးအနုပညာမဂ္ဂဇင်း။ ၂၀၁၈
Labels:
စစ်ကြီးပြီးရင်
မယုံမရှိပါနဲ့
မနက်နေမင်း ညလေညင်း
ဆိုပါတော့
ခဲညှီနံ့ကို ငါရတယ်
ငါဟာ သက်ရှိ
ကြောက်စရာပဲ
မချိန်းဆိုဘဲ တွေ့ကြရ
နှုတ်မဆကဘဲ ခွဲခွာရ
သံလမ်းက မစရသေးဘူး
ဥသြသံက အခိုးတလူလူ
ငြိမ်သက်တိတ်ဆိတ်
ရေကြည်ရာ မြက်နုရာတဲ့
ဘာမဆိုင်ညာမဆိုင်
ဘာမဆိုင်ညာမဆိုင်
လှည့်ရင်းလည်ရင်း
ဘဝဆိုတာ ဟာသပဲ
သားဦး
Beautyမဂ္ဂဇင်း။ ဖေဖော်ဝါရီ။ ၂၀၁၈
စစ်ကြီးပြီးရင်
ငါဟာ လည်လည်ဝယ်ဝယ်ရှိတယ်
ဝင်္ကပါပတ်တဲ့နေရာမှာ
မယုံမရှိပါနဲ့
နားထဲမှာလည်း နာကျည်းစရာတွေအပြည့်နဲ့သာ
ပြေးနေတဲ့ကြယ်ကလေးမှာ ဘာမက်မောမှုမှမရှိ
ကွေးနေတဲ့ လ ကလေးမှာလည်း ဘာမျှော်လင့်မှုမှမရှိ
မင်းကို ဆန်းသစ်စေချင်လိုက်တာ
အခုတော့ ငါ့ကို စမ်းသပ်ကြည့်ဦးပေါ့
ဆေးရုံပေါ်ရောက်မှ ကိုယ့်ကိုယ်ကိုယ်သတိရမိတဲ့ဘဝပဲ
ထမင်းပူပူကို အပူနဲ့ထပ်နယ်စားရတဲ့ လောကဓံပဲ
လွမ်းစရာကြုံပေမယ့် နာစရာရှာမရ
နာစရာကြုံပေမယ့် လွမ်းစရာတစ်ကွက်မှမရှိတဲ့ တစ်ယောက်ပေါ့
မနက်နေမင်း ညလေညင်း
ဆိုပါတော့
မရှိတဲ့အရာကို တရတာကလည်း အရသာပါပဲ
လှလိုက်တဲ့ ပန်းကလေးတွေ
သူတို့ကိုခူးဖို့ရာ ကိုယ့်မှာ လက်ပါမလာသလို ဟန်ဆောင်ထားရ
မတော် ကြောက်နေကြမှာစိုးတယ်လေ
နေ့လယ်နေ့ခင်းဆိုပေမယ့်
ရှိတာကလည်း မျက်နှာကျက်နဲ့ကြမ်းပြင်
ကျောလုံဖို့ထက် အတွေးလုံဖို့ကို ပိုမိုအားစိုက်ရပါတယ်
နားထဲမှာ မြင်းခွာသံတွေ တဒိုင်းဒိုင်း
အပေါင်းအသင်းမှားလာတဲ့ လေထဲမှာ
ခဲညှီန့ံကို ငါရတယ်
ငါဟာ သက်ရှိ
ငါ့ကိုယ်ငါကလွဲလို့ ကျန်တာအကုန်လုံး မြင်နေရတယ်
ကြောက်စရာပဲ
မချိန်းဆိုဘဲ တွေ့ကြရ
နှုတ်မဆကဘဲ ခွဲခွာရ
သံလမ်းက မစရသေးဘူး
ဥသြသံက အခိုးတလူလူ
မကြာခင် လူးလွင့်ပြတော့မယ့် အလံလေးကလည်း
ငြိမ်သက်တိတ်ဆိတ်
ငါ့အတိတ်ကို သူ့အထဲခဏထည့်ဖွက် ထားလိုက်တယ်
ရေကြည်ရာ မြက်နုရာတဲ့
နှင်းတောထဲ အပြင်းမောင်းသွားတဲ့ရထားလုံးကိုကြည့်ရင်း
ဘာတွေများ အရေးကြီးလို့ပါလိမ့်လို့ သူတို့အတွက် စိုးရိမ်စိတ်ဝင်မိ
ငါ့ရင်ဘတ်ကို ဖိလို့လေ
ဘာမဆိုင်ညာမဆိုင်
သူ့လက်ဖဝါးသူ ဓားနဲ့ခြစ်နေတဲ့တစ်ယောက်ကို သတိရ
ဘာမဆိုင်ညာမဆိုင်
ကြံမဆိုင်ဟင်းချိုခွက်ထဲက နွမ်းနေတဲ့ကြံမဆိုင်ရွက်ကလေးကို သတိရ
လှည့်ရင်းလည်ရင်း
တဖြည်းဖြည်းထွားလာတဲ့ အာတာပူစီတစ်ခုလိုသာ
လေတိုက်တာနဲ့ တဖြည်းဖြည်း ပဲ့ကြွေသွားတော့မှာ
စစ်ကြီးပြီးရင်ဘာလုပ်မလဲဆိုတဲ့ စာသားကိုဖတ်ရင်း
စိတ်ထဲမှာ တိုးတိုးလေးရေရွတ်နေမိတယ်
စစ်ကြီးပြီးရင် စစ်ထဲဝင်မယ်လို့လေ
ဘဝဆိုတာ ဟာသပဲ
အခုတော့ မရယ်လိုက်ကြပါနဲ့ဦး ။
သားဦး
Beautyမဂ္ဂဇင်း။ ဖေဖော်ဝါရီ။ ၂၀၁၈
Labels:
လမ်း
အနေအထားက
လူတစ်ယောက် ကိုယ့်ကိုယ်ကိုသတ်သေဖို့
သူ
သူ့ခေါင်းထဲ
အတွေးတခု ၀င်လာတယ်
သူ
သူ့ခေါင်းထဲ
အတွေးတခု ထပ်ဝင်လာတယ်
ရိုးသားမှုကိုမှ
သူ
သူ့နားထဲမှာ
ကြားလိုက်ရပြန်တယ်
အဲဒီအသံတွေဟာ
သူ တွေးတယ်
သူ ဆက်တွေးတယ်
သူ တွေးတယ်
သူ ဆက်တွေးတယ်
သူ
သူ
သူ
ဆတ်ခနဲ
ဆွဲယူလိုက်တယ်
သူ့ကိုယ်သူ
သူ
ဓားဟာ
အဲဒီ့အချိန်မှာပဲ
ကွန်စစ်ကောင်း
မိုးမခမဂ္ဂဇင်း။ သြဂုတ်။ ၂၀၁၈
လမ်း
တောင်အောက်ကို ငုံ့ကြည့်လိုက်တယ်
အနေအထားက
လူတစ်ယောက် ကိုယ့်ကိုယ်ကိုသတ်သေဖိ့ု
လုံလောက်တဲ့အနေအထားပဲ
သူ
ရှေ့ကို တလှမ်းတိုးလိုက်တယ်။
သူ့ခေါင်းထဲ
အတွေးတခု ၀င်လာတယ်
လောကဓံအောက် ပြားပြားမှောက်နေတဲ့ လူတစ်ယောက်ကိုမှ
ဘာလို့ ရက်ရက်စက်စက် ထပ်နင်းချင်ကြတာလဲ
သူ
ရှေ့ကို တလှမ်းထပ်တိုးလိုက်တယ်။
သူ့ခေါင်းထဲ
အတွေးတခု ထပ်၀င်လာတယ်
ရိုးသားမှုကိုမှ
ဘာလို့ တဖက်သတ် အနိုင်ကျင့်ချင်ကြတာလဲ
သူ
ရှေ့ကို တလှမ်းတိုးလိုက်တယ်။
သူ့နားထဲမှာ
သရော်လှောင်ပြောင်တဲ့ ရယ်သံတွေလည်း
ကြားလိုက်ရပြန်တယ်
သူ့ရဲ့ သေဆုံးခြင်းကို အရသာခံချင်နေကြတဲ့
သရော်လှောင်ပြောင်သံတွေ
သူ့အပေါ် အနိုင်ယူဖို့ စောင့်နေကြတဲ့ ရယ်သံတွေ
သရော်သံတွေ လှောင်ပြောင်သံတွေ
အဲဒီအသံံတွေဟာ
သူ့နားထဲမှာ အဆက်မပြတ်
ပဲ့တင်ထပ်တုန်ဟီးလာတယ်။
သူ တွေးတယ်
သူ ဆက်တွေးတယ်
သူ့ခန္ဓာကိုယ်ကို တည့်တည့်ပြန်မတ်လိုက်တယ်။
သူ တွေးတယ်
သူ ဆက်တွေးတယ်
သူ့ခေါင်းကိုမော့လိုက်တယ်။
သူ
နောက်ကို တလှမ်းချင်းပြန်ဆုတ်လိုက်တယ်
သူ
နောက်ကိုပြန်လှည့်သွားတယ်။
သူ
သူ့အိမ်နံရံက ငှက်ကြီးတောင်ဓားကို
ဆတ်ခနဲ
ဆွဲယူလိုက်တယ်
သူဆွဲယူလိုက်တဲ့ အဲဒီဓားဟာ
သူ့ကိုယ်သူ
သတ်သေဖို့ ယူလိုက်တဲ့ဓားများဖြစ်လေမလား။
သူ
ဓားရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး
ဓားကို အပေါ်ထောင်လိုက်တယ်
ဓားဟာ
နေရောင်အောက်မှာ အရောင်တလက်လက်။
အဲဒီ့အချိန်မှာပဲ
အဲဒီ့ ငှက်ကြီးတောင်ဓားဟာ
သူ့ကိုယ်သူ သတ်သေမယ့်ဓားတော့
မဖြစ်နိုင်တော့ဘူးဆိုတာ
လူတွေ သဘောပေါက်နားလည်သွားကြတယ်။
ကွန်စစ်ကောင်း
မိုးမခမဂ္ဂဇင်း။ သြဂုတ်။ ၂၀၁၈
Labels:
အထဲဝင်​သွားပြီ
မမြင်​ဟန်​​ဆောင်​ပြီး
စက်​​လှေကားအတိုင်း
မတ်​မတ်​ကြီးတက်​သွားတာ
က​လေး​လေးကိုမြင်​ပြီး
ခြင်းထဲပစ်​ထည့်​​နေတဲ့
သရဲတ​စ္ဆေ​တွေကိုမြင်​ပြီး 
ချွေးပြန်လာတယ်​၊
သရဲတ​စ္ဆေ​တွေက ကြည့်​​နေကြ​တော့
သူ့အလှည့်​​ရောက်​​တော့
ကောင်​တာ​ပေါ်
ကုန်​ဝယ်​စာအုပ်
ပစ်​ချ​ပေးလိုက်​တယ်​၊
သူဘာမှမကြားရဘူး
အောက်​ဘက်​ဆိုင်​မှာ
ပြူးကြည့်​​နေကြတုန်း
တင်းတင်း​စေ့​ပြောပြီး
ပြန်​လစ်​သွားတယ်​။
ဇော်လူစိမ်း
ခေတ်ရနံ့မဂ္ဂဇင်း။ ဇန်နဝါရီ ။၂၀၁၈
စီးတီးမတ်​ထဲ လီနင်​ဝင်​​ရောက်​လာခြင်​း
အ​ပေါက်​ဝမှာ အဘိုးကြီးရဲ့တီရှပ်​​ရင်​ဘတ်
တူတံစဉ်​​ပေါ်က အသံထမြည်​​တော့
လုံခြုံ​ရေးသမားက လန်​့ဖျပ်​လို့
တကိုယ်​လုံးဖုန်အလိမ်​းလိမ်​းနဲ့
ပခုံး​ပေါ်မှာခို​ချေး​တွေနဲ့ ​
အေးခဲ​နေတဲ့လက်​သီးဆုပ်​ကြီးနဲ့
အထဲဝင်​သွားပြီ
ရယ်​​မော​နေတဲ့အရုပ်​​တွေကို
မမြင်​ဟန်​​ဆောင်​ပြီး
စက်​​လှေကားအတိုင်​း
လက်​သီးဆုပ်​​ရှေ့ဆန့်ထုတ်​ပြီး
မတ်​မတ်​ကြီးတက်​သွားတာ
တွန်​းလှည်​းခြင်​းထဲမှာလိုက်​ပါလာတဲ့
က​လေး​လေးကိုမြင်​ပြီး
ထုတ်​ကုန်​ပဲလားလို့ ​တစ်ချက်​​တွေသွား
နို့မှုန်​့ ကော်​ဖီ​ထုပ်​​နဲ့ ​အသား​​အေးအေး​တွေ
ခြင်​းထဲပစ်​ထည်​့​နေတဲ့
သရဲတ​စေၧ​တွေကိုမြင်​ပြီး ​
ချွေးပြန်လာတယ်​၊
ကုန်​အမှတ်​တံဆိပ်​နဲ့ နိုင်​ငံအမည်​​တွေ​
ဘိုး​တော်​လှန်​​လှောကြည်​့​နေရင်​းက
သစ်​သီး​ဖျော်​စက်​တစ်​လုံး
စင်​​ပေါ်ကပြုတ်​ကျသံ ကျယ်​​လောင်​လို့
အလုပ်​သမား​အရုပ်​​တွေဝိုင်​းအုံလာသလို
သရဲတ​စေၧ​တွေက ကြည်​့​နေကြ​တော့
ကိုယ်​​ပေါ်ကဖုန်​​တွေ အရည်​​ပျော်​ကျလာတာ​ပေါ့
​ဒေါသတကြီးနဲ့ ​အနီးနားက
တူကြီးတစ်​​လက်​ဖြုတ်​ယူပြီး ​တွေ့ကရာစင်​က
​ပေါင်​မုန်​့တစ်​ထုပ်​ဆွဲယူပြီး ​
ကောင်​တာမှာတန်​းစီ​နေလိုက်​​မိ
အ​ရည်​​ပျော်​​နေတဲ့ဖုန်တွေဟာ
ကြမ်​းပြင်​​ပေါ်​တောက်​​တောက်​အိုင်​ကျလို့
ခို​ချေး​တွေကလည်​းအစိုပြန်​လို့
​သူ့အလှည်​့​ရောက်​​တော့
​​ကောင်​တာ​ပေါ်
ကုန်​ဝယ်​စာအုပ်​
ပစ်​ချ​ပေးလိုက်​တယ်​၊
​ငွေတွက်​​နေတဲ့ အရုပ်​မ​လေးက
မျက်​လုံးကြီးပြူးပြီး လက်​တခါခါနဲ့​ပြော​ပေမဲ​့
သူဘာမှမကြားရဘူး
မထူး​တော့တဲ့အတူ ဘာမှမယူ​တော့ဘဲ
စက်​​လှေခါးအတိုင်​း ချွေး​ရည်​စက်​လက်​နဲ့
မတ်​မတ်​ကြီးပြန်​ဆင်​းချသွားတာ
​ခေတ်​ကြီးတစ်​ခုလုံး ကျွံဝင်​သွားတဲ့အတိုင်​းပဲ
​အောက်​ဘက်​ဆိုင်​မှာ
​ခေါက်​ဆွဲအရသာခံ​နေတဲ့ စိတ်​ဝါဒီ​တွေလည်​း
စား​နေရင်​းက​နေ သူ့ရင်​ဘက်​​ပေါ်က
အရည်​​ပျော်​ကျ​နေတဲ့တူနဲ့တံစဉ်​ကို
ပြူးကြည်​့​နေကြတုန်​း
အဝကလုံ​ခြုံ​ရေးဝန်​ထမ်​းဟာလည်​း ​
ကြေးရုပ်​အသစ်​တစ်​ရုပ်​လို ဝါဝင်​းပြီး​
တောင်​့​တောင်​့ကြီးရပ်​​နေတုန်​း
ရဲ​ဘော်​ဟာ ​ပေါင်​မုန်​့ကို နှင်​းဆီနာမည်​​ပြောင်​​းခေါ်​နေတဲ့​
​စောက်​ရူး​လူတန်​းစားထဲကပဲလို့
တင်​းတင်​း​စေ့​ပြောပြီး
လက်​သီးဆုပ်​နဲ့အဘိုးကြီးဟာ
ပြန်​လစ်​သွားတယ်​။
ဇော်လူစိမ်း
ခေတ်ရနံ့မဂ္ဂဇင်း။ ဇန်နဝါရီ ။၂၀၁၈
Labels:
24 December, 2018
ဝိညာဉ်မဲ့သော
အေးဘကျော်
မြားနတ်မောင်၊ ဧပြီ။ ၂၀၀၃
၀ိညာဉ်မဲ့သော
မင်းသွေးကြောထဲ စိမ့်ဝင်သွား
ငါ့မျက်လုံးတွေ ထားခဲ့ရ
ငါ့မျက်လုံးတွေ ထားခဲ့ရ –
မင်းကျောပိုးအိတ်ထဲ ပိတ်မိကာ
ငါ့မနက်ခင်းတွေသေဆုံးသွား
ငါ့မနက်ခင်းတွေသေဆုံးသွား –
သိပ်ချစ်တဲ့ မင်းဆံပင်တွေကြား
ငါ့စိတ်ဓာတ်တွေကွဲအက်ကျ
ငါ့စိတ်ဓာတ်တွေကွဲအက်ကျ –
မင်းအနမ်းထဲ ရောက်တဲ့ည
ငါ့ရဲ့ နှုတ်ခမ်း ငါရှာလို့မရ
ငါ့ရဲ့ နှုတ်ခမ်း ငါရှာလို့မရ –
ငါ့အိပ်မက်နဲ့ တီရှပ်များ
မင်းရဲ့ညတွေ ထုတ်ဝတ်သွား
မင်းရဲ့ညတွေ ထုတ်ဝတ်သွား –
မင်းဆုံးဖြတ်ချက်လက်ချောင်းများ
ငါ့ရဲ့ ဝိညာဉ်လာဖြုတ်သွား
ငါ့ရဲ့ ဝိညာဉ်လာဖြုတ်သွား . . . ။ ။
အေးဘကျော်
မြားနတ်မောင်၊ ဧပြီ။ ၂၀၀၃
Labels:
ညနေခင်း ညိုညိုဆီမှာ
အေးဘကျော်
စတိုင်သစ် မဂ္ဂဇင်း
(unicode)
မိုးမိုးအေးတွေ ရွာနေတုန်းက
တိတ်တိတ်ကလေး တမြေ့မြေ့ကြွေကျ
ညနေခင်း ညိုညိုဆီမှာ
မိုးမိုးအေးတွေ ရွာနေတုန်းက...
သေသေချာချာ တစ်ခါကျိုးရမယ့်မြစ်ကိုယ်စီနဲ့
ကိုယ့်ရင်ကိုယ်ဖွင့်မရတဲ့ဆီမှာ
မိုးမိုးအေးတွေ ရွာနေတုန်း...
နေချို့ယွင်း လချို့ယွင်း
ချို့ယွင်းသော တောင်ကုန်းများဆီမှာ
မိုးမိုးအေးတွေ ရွာနေတုန်းက...
"အဲဒီမဲတုံးတုံးအကောင်ကိုသာ သတ်လိုက်ပါတော့"
စိတ်ကျရောဂါ စိုစိုတွေဆီမှာ
မိုးမိုးအေးရဲ့လှေကားရင်း မိုးအေးအေး၀င်ခို
မိုးမိုးအေးကို ပျောက်ဆုံးတဲ့ဆီမှာ...
မိုးမိုးအေးတွေ ရွာနေတုန်းက...
တိတ်တိတ်ကလေး တမြေ့မြေ့ကြွေမွ..
ညနေခင်းညိုညိုတွေသာ လျှံကျခဲ့ပါတယ်။ ။
အေးဘကျော်
အမှတ်(၈၀)နို၀င်ဘာလ၊ ၁၉၉၉
စတိုင်သစ် မဂ္ဂဇင်း
Labels:
ဥပဒေအကာအကွယ်နဲ့ ။
နှစ်ပေါင်းများစွာ
ကိုဇော်(ကလေးမြို့ )
2018.
ကြောက်မက်ဖွယ်ရာဖြူစင်မှု
စနစ်များကောင်းပြီဆို
လိင်ကိစ္စနဲ ့ အနုပညာတောင်
ဥပဒေအကာအကွယ်နဲ ့။
နှစ်ပေါင်းများစွာ
မောင်နှမတွေလိုသာနေဖြစ်ခဲ့ပါတော့တယ် ။
ထိုအကျင့်သီလအားတိုင်တည်၍
ရက်စက်သောကျိန်ဆိုမှုကိုပြုပါမယ် ။
သူတို ့အစစအရာရာကန်းပါစေ
ငါတို ့ အစစအရာရာမြင်ပါစေ ။
ကိုဇော်(ကလေးမြို ့)
2018.
Labels:
ရေခဲတဲ့ရာသီ
အသက်ကြီးလာတော့
ပျော်ပါတယ်
ကိုဇော်(ကလေးမြို့ )
24.12.2018.
(unicode)
ရခေဲတဲ့ရာသီ
အသက်ကြီးလာတော့
ပြေးမကြည့်ဖြစ်တော့ဘူး
တွေးကြည့်တော့လည်း လွဲတာပဲ
အသည်းကွဲတာအရွယ်နဲ ့ဆိုင်လို ့လား
ပျော်ပါတယ်
ဟိုတယောက်တောင်ပျော်နေနိုင်သေးတာ ။ ။
ကိုဇော်(ကလေးမြို ့)
24.12.2018.
Labels:
ကိုယ့်သင်္ဘောကို ကပ်ဖို့ငင်။
ကလေးရေ ..
အစမ်းလေ့ကျင့်နေရ။
မီးပေးလိုက်ဆိုတာနဲ့
ကိုယ်မခံစားနိုင်ခဲ့။
ကလေးရေ ..
တံလျှပ်တွေ
တိမ်တိုက်တွေ
အရှုံးသရဖူပဲ ထပ်ထပ်ရ။
အရှုံးပါပဲ
သဘာဝကျတဲ့အခါ
ကိုယ်ဆိပ်ကမ်းမှာ
တင်ကျန်နေတော့
မနက်ဖြန်ဆို
မနက်ဖြန်ဆို ..
ဝေးရမယ့် မနက်ဖြန်ဆိုတာ မလာစေနဲ့။
တစ်သက်စာရှင်သန်ဖို့
ကလေး ..
ဟန်ဆောင်တာ မပါဘဲ
ခွဲနိုင်မှာ။
ကိုယ် မရှိချင်ဘူး။
ဟိုးမှာ ပင်လယ်
ဒီမှာ မြေပြင်
အထက်မှာ ကောင်းကင်
မင်းစိုတော့မှာလား
ရွာတော့မယ့်မိုး
မင်း မိုးမိလိုက်ပါ။
မင်းခိုက်စိုးစန်
စိုမှာဆိုးလို့ မိုးမိတယ်
မင်းမျက်၀န်းကမ်းပါးက
ကိုယ့်သငေ်္ဘာကို ကပ်ဖို့ငင်။
ကလေးရေ ..
ရှုံးမယ်မှန်းသိရက်နဲ့
ခွင်းနေခဲ့ ကိုယ့်မြှားတွေ
ကိုယ့်ရင်ကိုသာ ထုတ်ချင်းခတ်ထိ။
တစ်ဘ၀စာ စိုက်ပျိုးခဲ့ မျက်ရည်သစ်ပင်
အစမ်းလေ့ကျင့်နေရ။
မီးပေးလိုက်ဆိုတာနဲ့
ကိုယ့်ကို ငင်နေတဲ့ မင်းမျက်၀န်းဟာ
ဇာတ်တိုက်ထားတဲ့ မြစ်ဖြစ်သွား
ကိုယ်မခံစားနိုင်ခဲ့။
ကလေးရေ ..
ကိုယ်က မြစ်ဆိုပြီး ကူးတဲ့ခါ
တံလျှပ်တွေ
ကိုယ်က မြေဆိုပြီး ပြေးတဲ့ခါ
တိမ်တိုက်တွေ
ပန်းတိုင်မဲ့ လိုက်နေရပြီး
အရှုံးသရဖူပဲ ထပ်ထပ်ရ။
အရှုံးပါပဲ
သဘာ၀ကျတဲ့အခါ
သိမ်းထားချင်လောက်အောင် လှပတယ်။
ကိုယ်ဆိပ်ကမ်းမှာ
ရှိုက်သံစွက်တဲ့ အလွမ်းတွေပဲ
တင်ကျန်နေတော့
မုန်တိုင်းရေ ထန်လိုက်ပါတော့။
မနက်ဖြန်ဆို
မနက်ဖြန်ဆို ..
ပင်လယ်ရေ နေလုံးရွဲရွဲကြီးကို ရပ်ပစ်လိုက်စမ်း
ေ၀းရမယ့် မနက်ဖြန်ဆိုတာ မလာစေနဲ့။
တစ်သက်စာရှင်သန်ဖို့
မင်းအညှို့တွေကို လုံလုံခြုံခြုံ သိမ်းမယ်။
ကလေး ..
ဟန်ဆောင်တာ မပါဘဲ
ကိုယ့်ကို မုန်းတယ်ဆိုတဲ့ acting လုပ်ပါ
ဒါမှ ကိုယ်ခွဲလို့ရမှာ
ခွဲနိုင်မှာ။
မင်း နှုတ်ဆက်တဲ့ နေရာမှာ
ကိုယ် မရှိချင်ဘူး။
ဟိုးမှာ ပင်လယ်
ဒီမှာ မြေပြင်
အထက်မှာ ကောင်းကင်
မင်းစိုတော့မှာလား
ကိုယ့်ရင်ခွင်က တက်သွားတဲ့ အခိုးအငွေ့လေးတွေနဲ့
ရွာတော့မယ့်မိုး
မင်း စိမ်းမြစိုပြေဖို့
မင်း မိုးမိလိုက်ပါ။
ကိုယ့်အတွက် အချစ်ဆိုတာ
တစ်သံသရာလုံး လုံခြုံချမ်းမြေ့ဖို့
အကြည့်တွေပဲ လိုအပ်ပါတယ်။
မင်းမျက်၀န်းမှာ ရွှန်းမြမြလေးပြုံးပါ
ကိုယ့်မျက်၀န်းက စိုစွတ်နေမှာ
ကိုယ့်မျက်၀န်းက စို စွတ် နေ မှာ
ကိုယ့် မျက် ၀န်း က စို စွတ် နေ မှာ။ ။
မင်းခိုက်စိုးစန်
Labels:
သူငယ်တန်း
(၁)
(၂)
(၃)
လွမ်းနေရတာကိုက
(၄)
ကတိဖျက်သူဟာ
မင်းခိုက်စိုးစန်
Sept 2002
(Unicode)
သူငယ်တန်း
(၁)
“အချစ်” ဆိုတဲ့ စကားလုံးကို
ရေးတတ် ဖတ်တတ်တယ်ဆိုရုံလေး
မင်းက သင်ကြားပေးလိုက်တယ်
(၂)
မကျွတ်မလွတ်နိုင်သေးတဲ့ အိပ်မက်ထဲမှာ
မင်းဘယ်တော့ အမျှဝေမှာလဲ ?
(၃)
လွမ်းနေရတာကိုက
အမှားကို နှစ်ကိုယ်ခွဲနေရသလိုပဲ၊
(၄)
ကတိဖျက်သူဟာ
ကတိပေးသွားတဲ့သူသာ ဖြစ်တယ်လေ …။
မင်းခိုက်စိုးစန်
Sept 2002
Labels:
ငြိမ်းချမ်းရေး ခေါင်းလောင်းသံ
ကမ္ဘာကြီးကတော့
ပိတောက်ပန်းတွေပေးတယ်
ဆန်စပါးတွေပေးတယ်
ပေါင်မုန့်နဲ့ သောက်ရေသန့်တွေပေးတယ်
တယ်လီဖုန်းနဲ့ လေယာဉ်ပျံတွေပေးတယ်
ကွန်ပျူတာနဲ့ အင်တာနက်တွေပေးတယ်
ကမ္ဘာကြီးရယ်
တိုက်ချင်းပစ် ဒုံးပျံတွေ မလိုချင်ဘူး
နျူးကလီးယားဓာတ်ပေါင်းဖိုတွေ မလိုချင်ဘူး
အဆိပ်ငွေ့လက်နက်တွေ မလိုချင်ဘူး
ကျည်ကာအင်္ကျီနဲ့ ရန်သူ့ကင်းထောက်ရေဒါတွေ
မလိုချင်ဘူး
ကျူးကျော်စစ် အဓမ္မစစ်
တရားသောစစ် မတရားသောစစ်
ဘာစစ်မှ မလိုချင်ဘူး
ကမ္ဘာကြီးရယ်
မေတ္တာတရားတွေ လင်းပွင့်ပါစေ
ရက်စက်မှု့တွေ အိပ်ပျော်ပါစေ။
မင်းဆွေနှစ်(မုံရွာ)
Labels:
11 December, 2018
ဂျင်းဂျာကင် ၁
မြင်းသမားတွေ ဝတ်ရင်
ပိုင်
၁၁/စက်တင်ဘာ- ၂၀၁၈
ဂျင်းဂျာကင် ၁
မြင်းသမားတွေ ဝတ်ရင်
ဖုန်နီမှုန့်တွေ ပေကျံလို့
မြင်းချေးနံ့တွေ သင်းလို့
ကောက်ရိုးစတွေ ချိတ်တွယ်လို့
ချုပ်ရိုးပြေနေတဲ့ချည်စတွေ ထွက်လို့
အဲဒီ မြင်းသမားတွေဝတ်တဲ့ဂျာကင်
မြင်းသမားတွေကို ချစ်သလို
မင်းကို ငါ စုတ်ပြတ်သတ်အောင် ချစ်မိတယ်
ပိုင်
၁၁/စက်တင်ဘာ- ၂၀၁၈
၂၀၁၇/သို့
Labels: ,
ချာလီချက်ပလင်ဟာ
အထပ်မြင့်တစ်နေရာမှာ
အလုပ်ရှင်ရဲ့ ဇာတ်လမ်းစဖို့ အပေးအယူမှာ
ယူနီဖောင်းဝတ်မလေးဟာ
မြန်မြန် မြန်မြန်
အရေးကြီးတဲ့ ချွေးသီးချွေးပေါက်တွေနဲ့
မြန်မြန် မြန်မြန်
အရာရာတိတ်ဆိတ်
လူပီသအောင်
အခုဆိုရင်
တ၀ကြီးငေးလို့ပေါ့ ။ ။
အောင်မိုး
နိုဝင်ဘာ ၆၊ ၂၀၁၄
(Unicode)
ရှားရှားပါးပါး တနင်္ဂနွေ
တချိန်လုံး မူလီတွေကျပ်လာတဲ့
ချာလီချက်ပလင်ဟာ
စက်ရုံထဲကထွက်လာတော့လည်း
တွေ့သမျှမူလီတွေကို လိုက်ကျပ်နေတုန်းပဲ။
ဆောက်လက်စအဆောက်အဦးကြီးရဲ့
အထပ်မြင့်တစ်နေရာမှာ
အလုပ်သမားတစ်ယောက် သက်စွန့်ဆံဖျား တွဲလွဲခိုလို့၊
အလုပ်ရှင်ရဲ့ ဇာတ််လမ်းစဖို့ အပေးအယူမှာ
မက်လောက်စရာပဲဆိုတဲ့ အတွေးနဲ့
ယူနီဖောင်း၀တ်မလေးဟာ
အိမ်အပြန် ခြေလှမ်းတွေ ယိမ်းယိုင်လို့။
မြန်မြန် မြန်မြန်
အရေးကြီးတဲ့ ချေွးသီးချေွးပေါက်တွေနဲ့
လှောင်ရယ်သံတွေကြားမှာ
ရိုးသားမှုကလေး လန့်ကွဲမသွားခင်
မြန်မြန် မြန်မြန်
လူနာတင်ကားသံတွေ ဆူညံလွန်းလှရဲ့ ။
လက်ကိုင်ဖုန်းကိုပိတ်
အရာရာတိတ်ဆိတ်
လူပီသအောင်
အတွင်းက နှလုံးခုန်သံကိုလည်း
နားထောင်ကြည့်သင့်တယ်မဟုတ်လား ။
အခုဆိုရင်
လူစင်စစ်က ပိုးတုံးလုံးဘ၀ကို မပြောင်းခင်အချိန်ကလေးမှာ
ကာဖကာရဲ့ ဂရီဂိုဆမ်ဆာဟာ
ပြတင်းပေါက်က ကောင်းကင်ပြာကို
တ၀ကြီးငေးလို့ပေါ့ ။ ။
အောင်မိုး
နို၀င်ဘာ ၆၊ ၂၀၁၄
ကာဖကာရဲ့ ဂရီဂိုဆမ်ဆာ - Franz Kafka's Metamorphosis.
Labels:
ပန်းပုဆရာ
အဲဒီကနေ
ငွေယံဦး
(unicode)
ပန်းပုဆရာ
သူ့မျက်လုံးအိမ်ထဲက ဖောက်ထွက်ပြီး
ကျောက်တုံး၊ နံရံနဲ့ သစ်တုံးများ
အသက်ရှင်လမ်းလျှောက်နိုင်ခဲ့ကြပြီ။
အဲဒီကနေ
ငါတို့မျက်လုံးအိမ်ထဲပြန်၀င်ပြီ
နားရွက်ကလေး နှစ်ဖက်ဖြစ်နေတယ်။
ငွေယံဦး
Labels:
08 December, 2018
ပန်းပင်ကလေး၏ အတ္ထုပ္ပတ္တိ
(မြားနတ်မောင်၊ မတ်လ၊ ၁၉၉၇ ခုနှစ်)
Labels: ,
မျှော်စင်-၂
ရင်တဆတ်ဆတ်ခုန်နေတဲ့
လွမ်းရပါတော့တယ်။
ခင်ဇော်မြင့်
(unicode)
မျှော်စင် - ၂
ရင်မှာစူးကနဲ နာကျင်လာရသော အချစ်စိတ်
ပုလင်းကွဲကလေးကိုမြင်တော့
သူ့ကိုအထူးတလည် သတိရမိတယ်။
ရင်တဆတ်ဆတ်ခုန်နေတဲ့
ပြာသိုရဲ့ပွင့်ခါစ ခွါညိုပန်းလေးလို မေးထောက်ပြီး
ဒေါက်ဖိနပ်တစ်ရန်နဲ့ ထိုင်နေမယ့်
ညီမလေးရဲ့ ပုံရိပ်လိုလို။
ဘယ်နှကြိမ်မြောက်မှန်းမသိတဲ့ နှောင်းမိုးတွေလို
"ဒီအတိုင်းချည်းပြန်သွားရင်သေသွားလိမ့်မယ်"ဆိုတဲ့
တစ်ချိန်ကတိတ်တခိုးလေးရဲ့ သံယောဇဉ်လိုလို။
အမှောင်နဲ့ဆိုင်းနေတဲ့ အဝေရာပင်ရဲ့ လမ်းကြားကလေးလို
ခရီးဆောင်အိတ်မရှိတဲ့ ကြယ်ကလေးရဲ့ ရယ်သံလိုလို။
ကိုယ့်နားထင်ကို ပလာစတာကပ်
လွမ်းရပါတော့တယ်။
ခင်ဇော်မြင့်
Labels:
07 December, 2018
ယာဉ်ကြောထူထူပင့်သက်မှာ ငြိမ်သက်ခြင်း
အစွဲအလမ်းဖြင့်
သော့တွဲကိုအသုံးပြုစဉ်
အလိုရမ္မက်သည် ယာဉ်ကြောထူထပ်လာလေ၏။
စုဆောင်းထားရှိချက်တွင် ခြေစုံရပ်ကာ
မျဉ်းဖြောင့်မဆန်သောသံယောဇဉ်များလောင်ကျွမ်း
ထို...ကျန်မာရေးကို စိတ်ဝင်စားတယ်။
ကျွေးမွေးထားတဲ့
အမှန်တရားကလည်း
သွေးအားနည်းလို့ဆိုပဲ။
ဘ၀နှင့်...
ကျွန်တော်တို့အတွက်
ဥပမာများ၊ ဇာတ်လမ်းများ
အတ္ထုပ္ပတ္တိများ
ရင့်ကျက်သောဆဲရေးသံများ
ထွက်ဆိုချက်ဟာသူတစ်ပြန် ကိုယ်တစ်ပြန်
ဓာတ်ခဲကုန်တာလည်း မြန်ရဲ့။
လမ်းတွေက
နာနာကျင်ကျင်လင်းလို့
အခုဆိုရင်
ပန်းဝင်နောက်ကျတဲ့ ဆာလောင်ပုံရဲ့မိတ္ထူမှာ
ခင်ဗျားကြိုက်တဲ့ဆင်ခြင်တုံတရားဟာ
အကြောလျှော့နေတာတွေ့ရမယ်။
ဝင်းဇော်လွင်
Labels:
အထိမ်းအမှတ်
ဆိုကြပါစို့
ရယ်သံတွေ သွန်ချဖို့
အလျှင်အမြန်အာမေဋိတ်ပြုဖို့
ဝမ်းနည်းကြေကွာစွာ တွန့်ခေါက်ဖို့
အဲဒီလိုနေ့စဉ်ကောက်ကြောင်းတွေ မဟုတ်...။
တစ်ခုခုငတ်ပြတ်နေသောအသက်ရှုခြင်း၌
အိပ်မက်၏တုန်ခါခြောက်ခြားမှုကိုအကြောင်းပြကာ
ဇာတ်လမ်းကို ဖြန့်ကျက်လိုက်ပါပြီ။
အပြန်အလှန် မစိုက်ပျိုးနိုင်သည့် အားလျှော့စွာ
ကျွန်တော်တို့ သီကုံးခဲ့ကြပုံမှာ
"လေ့လာခဲ့သောနေ၀င်ချိန်များ
ကူးဖြတ်ခဲ့သောမျဉ်းကြောင်းများ
မိုးအုံ့ခြင်း၏ သက်ရောက်မှုများ''
သြော်...သာဓကတွေ မှားသတဲ့လား။
အသွင်တစ်မျိုးအာဂုံမဆောင်မီ
ခင်ဗျားဘာတွေ သိပ်သည်းပြီးပြီလဲ
အရေးထဲ ပြည်တည်လာသော ကြည်လင်မှုများ
ပြီးခဲ့သော စကားဝိုင်းမှာ
ယောင်ကိုင်းခဲ့လေ၏ ။
ဦးခေါင်းအတွင်းပိုင်းတွင်
အော်ငြီးနာကျင်ဖွယ် ပြဿဒါးနေ့တွေ ဆုံစည်းပြင်းထန်လို့
ဘ၀ရဲ့လွှာတွန့်တောင်တန်းတွေ ရှည်လျားသွယ်တန်းလို့
မျိုးပွားကိစ္စ ၊အငွေ့အသက် ၊ ရေသောက်မြစ်
ကျင့်ကြံဖြစ်သည့်တရားတော်အရ............................
....................................................................။
''ဂီတတွေ
တစ်နေ့လုံးအပိုင် စီးနင်းထားပြီးယိုယွင်းခဲ့ပုံအတွက်''
ဝင်းဇော်လွင်
Labels:
ငါ့နာကျင်ခြင်း
တစ်စုံတစ်ယောက်ကို တုံ့ပြန်ပြီး
နာကျင်ရတာထက်
ခေါင်းငုံ့ တိတ်ဆိတ်နေပြီး
နာကျင်လိုက်တော့မယ်
အနည်းဆုံးတော့
ငါ့နာကျင်ခြင်းတွေကို
လှပအောင် နေချင်တယ်
ငါ့နာကျင်ခြင်းတွေကို
လှပအောင် နေခွင့်ပေးပါ
ပြီးတော့ ငါ့နာကျင်ခြင်းကို
ငါ့ကို နာကျင်စေသူတို့အတွက်
ပျော်ရွှင်ခြင်း ဖြစ်အောင်
ငါ ကြိုးစားပါရစေ
ပိုင်
၅ ၁၂ ၂၀၁၈
Labels:
ကဗျာဆရာနှင့် ကဗျာပြန်လည်တွေ့ဆုံခြင်း
နွေဦးတကျော့လည်ပြန်ပေါ့
မီးသတ်ကားဥသြသံတွေပဲ
မကြာခဏ ဝန်းကျင်မှာစိုးမိုး
ကိုယ်လည်း ကဗျာဆွံ့အကြာခဲ့ပြီ ။
မပျော်ရွှင်ပါဘူး
လွပ်လပ်ရေးသာတွေးဆလို့
ဘယ်အရာမှစိတ်မဝင်စား။
မိုးတိမ်တိုက်ဆီ
ကျေးငှက်များနှင့် ယဉ်ကျေးစွာ
မေမေ့ကိုအောင့်မေ့ရင်း
မေတ္တာပွားများ ။
ကဗျာဆရာဟာအိမ်မက်ကိုချစ်တယ်
ပန်းချီဆရာဟာ အလှအပကိုချစ်တယ်
အနုပညာရှင်ဟာကမ္ဘာလောကကြီးနဲ့ထပ်တူ
ရှင်သန်ကြည်လင်မှုကိုချစ်တယ်
တခါတလေသိပ်ပြီးဝမ်းနည်းရ
စိတ်တိုင်းကျနေထိုင်ခွင့်မရှိသောဘဝ
တောင်တန်းများ၌သာ လွပ်လပ်ခြင်းရှိနိုင်မယ်
တွေးမိပြီး
မိတ်ဆွေတချို့နဲ့
ကျေးတောသားတယောက်ဖြစ်ဖို့ကြိုးစား ။
ပြုံးရယ်ကြ စုဆုံဆွေးနွေး
လူ့ဘဝမှာ မိတ်ဆွေအရေးကြီးတယ်
ကိုယ်ဟာအထည်းကျန်နေတတ်ပေမယ့်
မိတ်ဆွေချစ်သူပါ ။
အိပ်ပျက်ညများလာရင်
သွေးသားလှိုက်ဆူ ချစ်သူတမ်းတ
ပါရှန်ကဗျာရဲ့ တောင်းဆိုချက်မှာ
ပြည့်စုံလှပါတယ်
ကျမ်းမာရေးကောင်းဖို့
အသက်ရှုသိမှတ်
အလုပ်သာလျှင် သန့်စင်ဆေးမြစ်။
နားလည်မှုများကွဲလွဲ
ဘာသာစကားဟာလူမှုဆက်ဆံရေးမှာ
လုံလောက်ခြင်းရှိရဲ့လား။
ငြိမ်းချမ်းရေးဆိုတာ
သင်္ကေတအဖြစ်သာဆုပ်ကိုင်နိုင်ကြောင်း
သိခဲ့ပြီးမှကဗျာဆရာအဖြစ်ကို
ပိုလို့မြတ်နိုးမိပြီပေါ့။။ ။
မွန်စိုး
၃ မတ်လ ၁၉၈၆
(ဤကဗျာကို သူ၏ကျောင်းပြီးခါစနေ့ရက်များတွင်
အမ် ရေကြည် အမည်ဖြင့် ကျေးလက်နေအိမ် အနုပညာအစီအစဉ်တခုအတွက်
ရေးသားခဲ့သည်။ ဝါကျင်နေပြီဖြစ်သော ထိုကဗျာစာရွက်ကို
မကြာမှီကပြန်လည်တွေ့ရှိခဲ့ပြီးနောက် ကျော်စိုး အမှတ်တရ ကဗျာအနေဖြင့်
ကျေးလက်နေအိမ် မှစီစဉ်တင်ဆက်သည် )
Labels:
သူတောင်းစားတွေငတ်နေတဲ့ တိုင်းပြည်မှာ
ကဗျာတပုဒ်ကြောင့်
ကြိုးစင်တက်ရ။
ကဗျာတပုဒ်ကြောင့်
မဲဇာအပို့ခံရ။
ကဗျာတပုဒ်ကြောင့်
ကျောင်းတက်ခွင့်အပိတ်ခံရ။
ကဗျာတပုဒ်ကြောင့်
လက်မှတ်ထိုးရ။
ကဗျာတပုဒ်ကြောင့်
ထောင်ချခံရ။
ကဗျာတပုဒ်ကြောင့်
ရဲဘက်အပို့ ခံရ။
ကဗျာတပုဒ်ကြောင့်
၆၆ ဃနဲ့ ထပ်တိုးရ။
သြော်
ငါတို့ နှယ်
သေတဲ့သူတွေလည်းများပြီ။
ဒါတောင်
စစ်ပွဲဟာ
အကျိုးစီးပွားဖြစ်ထွန်းနေတုန်း။ ။
တင်လတ်ကို
Labels:
ရေအောက်ကမ္ဘာ
ငါးမန်းက
ဆူးထောင်သွားတယ်။
ရေငုပ်သင်္ဘောက
အဓိပ္ပာယ်တစ်ခုရှိနိုးနဲ့ ရေဆက်ငုတ်ဆဲ။
ငါးသေးများ
ရေမွှာများ
အသက်ဇီဝအား မျက်လုံးဖွင့်လို့။
ရေဒါမှာ
သွေးညှီနံ့ မရသော်ငြား
အန္တရာယ်ရှိမှန်း ပင်လယ်ပြင်ကောင်းကောင်းသိတယ်။
တင်လတ်ကို
Labels:
02 December, 2018
လူအိမ်
၂၀၁၈နိုဝင်ဘာ ၂၉ ရက် ညနေ။ FB ကို ဖွင့်ကြည့်လိုက်သည်နှင့်သူ့ရုပ်ပုံ၊ သူ့လှုပ်ရှားဟန်၊ သူ့ ကဗျာ။ သူ့ကို ဆုံးရှုံးလိုက်ရသည့် အတွက် ကြေကွဲထိခိုက်နေသူများ ၏ အသံ။ သူ့ကို လွမ်းဆွတ်ကြမှု ထဲမှာ တရားနှင့် မဖြေနိုင်သည့် ပေါက်ကွဲဒေါသတွေ ရောစပ် လျက်။
ကျွန်တော့် အခန်းထဲမှာ သူ့ မျက်နှာတွေက ပျံဝဲနေသည်။
လူအိမ်။ ကဗျာဆရာ။
ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ဆောင်၊ တစ်ခုခုတော့ ဖြစ် နေပြီထင်တယ်။ ခုတင်အမှတ်(၂) တွင် မနက် ၄ နာရီမထိုးမီလေးက သေဆုံးခဲ့ရပြီ။ ကျွန်တော်ကိုယ် တိုင်ကလည်း သူ့ကို စိုးရိမ်စိတ် ဖြင့် အိပ်ရာက နိုးနေနှင့်ခဲ့၏။ တစ်ခုခုတော့ ဖြစ်နေပြီ ထင်တယ်။ တစ်ခုခုတော့ ဖြစ်နေပြီ ထင်တယ်။စိတ်အာရုံထဲမှာ နိမိတ်ဆိုးလား၊ နတ်ဆိုးလား။
ကျွန်တော့်ဖုန်းကို ပိတ် မထား။
သေချာဖွင့်ထားသည်။
အသံမြည်လာသည်။
‘‘အသက်ရှူရပ်သွားပါပြီ’’
လူအိမ်၏ သူငယ်ချင်း ကဗျာဆရာ၏ အသံ။
‘‘အေး... ကိုယ် အခုလာခဲ့ မယ်’’
မနက် ၄ နာရီ ၂၅ မှာ သူ့ အနားသို့ ကျွန်တော်ရောက်သွား ပြီ။  မနေ့ ညက သူ့ကို ကျွန်တော် တို့ စိတ်မချစွာ ထားရစ်ခဲ့ကြ သည်။ မနေ့ကတည်းက သူ့ဘေး မှာ ကဗျာဆရာများ ဝိုင်းနေခဲ့၏။ လူမအုံရန် တာဝန်ကျဆရာမများ က မကြာခဏ လာရောက်တား ဆီးခဲ့ကြ၏။
ညမှာ စောင့်အိပ်သူကတော့ ကဗျာဆရာပိုင်သစ်နွယ်။
လူအိမ်၏ လက်ဖဝါးကို ဆိုပ်ကိုင်ထားသင့်သည့် သူ့ဇနီး သည် သူ့အနားမှာ မရှိ။ ကိုးတန်း ကျောင်းသူ သမီးလေးက ပုသိမ် မှာ။ လေးတန်းကျောင်းသား သား ကလေးက ယုဇနဥယျာဉ်မြို့တော် အင်ကြင်းလမ်းက လေးလွှာမှာ မိခင်နှင့်အတူ ရှိနေသည်။
လူအိမ် သေဆုံးသွားချိန်မှာ အနားတွင် ဇနီးမရှိ၊ သမီးမရှိ၊ သားကလေးမရှိ။ လူအိမ်၏ လက်ဖျံနှစ်ဖက်မှာ ကြိုးအဖြူဖြင့် ပူးချည်ခံနေရ၏။ ခြေချင်းဝတ်နှစ်ခုကို လည်း ကြိုးအဖြူဖြင့် ပူးချည်ထား ၏။
အင်မတန် လွတ်လပ်ချင် သည့် လူအိမ်။
အလွန် ရုန်းကန်ခဲ့ရသော လူအိမ်။
သေဆုံးချိန်မှာ အချည် နှောင်ခံနေရ၏။ လောကဓံကို ဒေါကန်။ ပင်လယ် (ဟေ့ရောင်) ... ကျောက်ဆောင် (ဟေ့ရောင်) ... တောအုပ်နဲ့ တောင်တန်းရှေ့ မှာ ပိတ်လို့ထားလည်း... ။
မနက် ၄ နာရီခွဲမှာတော့ လူအိမ်၏ ဇနီးနှင့် သားကလေး ရောက်လာသည်။ လူအိမ်၏ ယောက္ခထီးရောက်လာသည်။ ကဗျာဆရာ၊ တေးရေးဆရာ တိုး လွင်ရောက်လာသည်။ သူ့ဇနီးနှင့် အတူ ကျွန်တော်တို့၊ ကိုတိုးလွင်တို့က လူအိမ်၏ ရုပ်အလောင်းကို ရေခဲတိုက်သို့ ပို့ဆောင်ကြ၏။ ဆေးရုံဝန်ထမ်းများက တက်ကြွစွာ ကူညီခဲ့ကြသည်။ ကူညီကြ ၏။ မကြာခင်မှာ ကဗျာဆရာ မိုးကျော်သူ၊ ကဗျာဆရာ ကိုရွေး၊ ကဗျာ ဆရာ မိုးဝေး၊ ကဗျာဆရာ မိုဃ်းဇော်၊ ကဗျာဆရာ မောင်ပြည့် မင်း၊ ရာဇာ၊ ကဗျာဆရာ ဝေး ခေါင်... စသော... များစွာသော ကဗျာဆရာတို့က စနေနေ့မှာ ပြုလုပ်မည့် လူအိမ်၏ ဈာပနအတွက် တက်ကြွစွာ လှုပ်ရှားကြ တော့သည်။ ခိုင်မျိုး၊ တေးသီ ငှက်၊ အံ့ဘွယ်ဇင်၊ ဝင်းမြင့် စသောကဗျာဆရာများ၊ အခြားအခြား လူငယ် ကဗျာဆရာများကလည်း နေရာအသီးသီး၊ စုဖွဲ့မှုအသီးသီး ဖြင့် လူအိမ်၏ ဈာပနအတွက် တက်ကြွစွာ လှုပ်ရှားနေကြသည်။
တစ်ညလုံး စိတ်ပင်ပန်းခဲ့ရ သော မနက် ၄ နာရီ သူ့ဆီပြေးခဲ့ ရသော ကျွန်တော်သည် နေ့လယ် နေ့ခင်းတွင် ကိုယ့်အခန်းထဲမှာတစ်ယောက်တည်း နားမည်ကြံ သည်။ သို့သော် လူအိမ်၏ ဦးခေါင်း၊ လူ အိမ်၏ မျက်နှာတွေ က ကျွန်တော်၏ နံဘေးမှာ၊ ကျွန်တော်၏ ခေါင်းအထက်မှာ ပျံဝဲလှည့်လည်နေ၏။ ကျွန်တော် နားလို့မရ၊ တစ်ရေးပင် မှေး၍မရ။ လူအိမ်ခံစားမှုက ကျွန်တော့် တစ် ကိုယ်လုံးကို လွှမ်းခြုံနေ၏။
ကျွန်တော်သည် ဆောက် တည်ရာမရဖြစ်နေ၏။ စိတ်များ လည်း ပျံ့လွင့်နေသည်။ စိတ်ကို တည်ငြိမ်အောင် စုစည်း၍မရပါ။ သို့နှင့် ကျွန်တော်သည် ထွက်ပြေး ၏။ သထုံလမ်းအတိုင်း ပြေး သည်။ အင်းလျားလမ်းအတိုင်း ပြေးသည်။ တက္ကသိုလ် ပရိဝုဏ် ထဲသို့ဝင်ကာ အဓိပတိလမ်းအ တိုင်း ကျွန်တော်ပြေးသည်။ မရပ် မနား ပြေးနေသည်။ ပြည်လမ်းမ အတိုင်း ပြေးပြန်သည်။ အင်း လျားကန်ပေါင်ပေါ်မှာ ပြေးနေ သည်။ လောင်ကျွမ်းနေသော တိမ်များ၊ ကြေကွဲနေသော တိမ် များ၊ အဝါရောင်ဖြင့် တောက် လောင်ကိုက်ခဲနေသော တိမ်များ၊ မပျော်မရွှင်တိမ်များ၊ ငိုကြွေးနေ သော တိမ်များ၊ ဒေါသတကြီး အော်ဟစ်နေသော တိမ်များ။ ကျွန်တော့်ကိုယ်ပေါ်သို့ ပြိုကျလာ သော တိမ်များ။
ကျွန်တော် မလွတ်မြောက် နိုင်ပါ။
လွတ်မြောက်မလားဟု ကျွန် တော်ပြေးခဲ့ပါသည်။ ကျွန်တော် ပြေးနေပါသည်။ ကျွန်တော်သည် မလွတ်မြောက်ခဲ့ပါ။ ဘဝဆိုတာ တစ်ယောက်တည်း တိုက်တဲ့ တိုက်ပွဲ။ သူ... အမြဲ အထွတ်အ မြတ်ထားသည်မှာ ကဗျာ။
လူအိမ်ကော လွတ်မြောက် သွားပြီလား။ မင်း ဘာကို ဖြစ်ချင် တာတုံး။
လူအိမ်သည် ငြိမ်းချမ်းသွား ပြီလော။ ဆင်းရဲခဲ့သော လူအိမ်၊ ရုန်းကန်ခဲ့ရသော လူအိမ်၊ ပူ လောင်ခဲ့ရသော လူအိမ်။ ဒုက္ခနွံ ထဲမှ နေထိုင်လျက် ပတ္တမြားကဲ့ သို့ နီရဲတောက်ပသော ကဗျာများ ကို ရေးသားဖန်တီးခဲ့သော လူ အိမ်။ ဘဝသည် ကစဥ့်ကလျား ဖြစ်ခဲ့စေကာမူ ကဗျာကတော့ တည်ကြည်လေးနက်။
လူအိမ်သည် အခုလွတ် မြောက်သွားပြီလား။ ရူးနေတဲ့ ကမ္ဘာ။ ထားခဲ့သည်။
‘သည်းမခံနိုင်တော့တဲ့ တစ် နေ့ တံခါးတွေ အကုန်တွန်းဖွင့်ခဲ့ တယ်၊ မီးတွေ အကုန်ပိတ်ပစ်ခဲ့ တယ်၊ တစ်ယောက်တည်း အပြင် ထွက်လာခဲ့တယ်၊ လမ်းမကြီးဟာ လင်းလို့’
ဟိုတစ်လောကမှ FB မှာ သူတင်ခဲ့သော သူ၏ ‘နေရစ် တော့’ ကဗျာထဲက ကဗျာစာသား အချို့ကို ကျွန်တော် ယခု သတိ တရဖြစ်မိ၏။
သူချစ်မြတ်နိုးသော ကဗျာ။
သူယုံကြည်သော ခေတ် ပေါ်ကဗျာ။
ကဗျာစာမူခ။ မိသားစု တာဝန်။
သူသည် ကြီးစွာရုန်းကန်ခဲ့ ၏။ သူ့မှာ ပဋိပက္ခတွေရှိသည်။ ပွတ်တိုက်မှုတွေရှိသည်။ အားလုံး ကို လွှတ်ချ၊ အားလုံးဆီက ထွက် ပြေး။ သူတွန်းဖွင့်ခဲ့သည်။ သူ ထွက်ပြေးခဲ့သည်။ ‘နေရစ်တော့’ ကဗျာထဲမှာ သူဖြစ်တည်သည်။ သူ့ဇနီးငယ်လေး မေမျိုးခင်ကို ‘နေရစ်တော့’ ဟု သူဆိုလိုခဲ့သည်။ အင်ကြင်းလမ်းက မျက်နှာကြက် အင်္ဂတေတွေ အချပ်လိုက် ကွာ ကွာကျနေသော သူ့တိုက်ခန်း လေးကို ‘နေရစ်တော့’ဟု သူဆိုလို ခဲ့သည်။ အခုတော့ သူသည် တကယ်ထွက်ပြေးလွတ်မြောက် ခဲ့ပြီ။ သူ့ဇနီး၊ သမီး (၁)၊ သား (၁)။ သူချစ်သော ကဗျာ၊ သူ့ သူ ငယ်ချင်း ကဗျာဆရာများ၊ သူ့ကို အလေးအနက်ထားသော နောက် မျိုးဆက်သစ်လူငယ် ကဗျာဆရာ များ၊ သူ့ချစ်မိတ်ဆွေ ကျွန်တော်။ သူက နေရစ်တော့ဟု ပြောခဲ့ပြီ။ ပင်လယ်... (ဟေ့ရောင်... )။
သူ့ရုပ်အလောင်းကို ရေခဲ တိုက်ထဲသို့ တွန်းလှည်းလေးတွန်း ၍ သွင်းခဲ့ကြပြီ။ ဆေးရုံဝန်ထမ်း တို့က ရေခဲတိုက်သံတံခါးကို သော့ခတ်ကြပြီ။ သူ့ဇနီးနှင့် ကျွန်တော် သည် သော့ခတ်သွားပြီဖြစ်သော ပိတ်ထားသော တံခါးကို စိုက်ငေး လျက်။
‘‘ကျွန်မကို ခွင့်လွှတ်ပါ။ ကျွန်မ ပေါ့လျော့တာ ပါပါတယ်။ သူလဲသွားတုန်းက ခေါင်းမကွဲ ဘူး။ တိုက်ခန်းထဲမှာပဲ ဖြစ်တာ။ အဲဒီတော့ ကျွန်မက ဆေးရုံမတင် ဖြစ်ဘူး။ အဲဒီညက ကျွန်မ မအိပ် ရဘူး။ နောက်နေ့ နေ့လယ်မှာ သူဟာ ကယောင်ကတမ်းတွေပြောတယ်။ အန်လည်းအန်တယ်။ အဲ ဒီမှာမှ ကိုမိုးကျော်သူကို သူ့ဖုန်း ထဲကရှာပြီး ဖုန်းဆက်တယ်။ ယုဇနက ကိုမိုဃ်းဇော်ကို သူ့ဖုန်း ထဲက နံပါတ်ရှာပြီး ခေါ်တယ်။ ကိုမိုဃ်းဇော်က ဒါဟာ ခေါင်းထဲ မှာ သွေးယိုစိမ့်မှုဖြစ်နေဟန်တူ တယ်၊ ဦးနှောက်သွေးကြော ပေါက်နေဟန် တူတယ်ဆိုပြီး ပရ ဟိတသူနာပြုကားကို အမြန်ခေါ် ပြီး ဒီဆေးရုံကို ကိုမိုဃ်းဇော်နဲ့ ကျွန်မ ပို့ခဲ့ကြတာ။ ကျွန်မက ပင်ပန်းလွန်းလို့  အိမ်ပြန်နားမိပါ တယ်။ ညက ဆေးရုံကို ကျွန်မ ပြန်မရောက်ခဲ့ဘူး။ ကူညီစောင့် ရှောက်ပေးတဲ့ သူ့သူငယ်ချင်း ကဗျာဆရာတွေကို ကျွန်မ သိပ် ကျေးဇူးတင်ပါတယ်’’
လူအိမ်၏ ဇနီးက ကျွန်တော့် ကို ပြောပြနေ၏။ ကျွန်တော်သည် ဒဂုံဆိပ်ကမ်းမြို့နယ်သို့ ရောက် ကတည်းက လူအိမ်နှင့် ချစ်ခင် ရင်းနှီးခဲ့သည်။ သူ့အိမ်၊ ကျွန် တော့်အိမ် အပြန်အလှန် ဝင်၊ ထွက်ကြသည်။ သူ့ဇနီး၊ သူ့ သမီး နှင့် သူ့သားလေး၊ သူ့မိသားစုအား လုံးနှင့် ကျွန်တော် ရင်းနှီးကျွမ်းဝင် သည်။ ကျွန်တော်သည် ယုဇန (၁၆)လမ်းကို ပြောင်းရွှေ့ပြန် တော့ လူအိမ်နှင့် အိမ်ချင်းပိုနီး သွား၏။ မနက်၊ နေ့၊ ညနေ တွေ့ ဆုံကြသည်။ (၁၆)လမ်းထိပ်က သူထိုင်နေကျ အရက်ဆိုင်ကလေး သို့လည်း သူနှင့်အတူ လိုက်လိုက် သွား၏။
ကျွန်တော်ကသာ သူ့ကို ကူညီခဲ့သည်မဟုတ်ပါ။ သူက ကျွန်တော့်ကို ကူညီစောင့်ရှောက် ခဲ့တာတွေ အများကြီးရှိခဲ့ပါသည်။ ကျွန်တော်တို့ ချစ်ခင်ကြသည်။ ကျွန်တော်ဇနီးကလည်း သူ့ကို ချစ်သည်။
‘‘၁၉၈၈ အရေးတော်ပုံအပြီး မှာ ကျောင်းသားတပ်နဲ့ ပြည်ပကို ထွက်ခဲ့ဖူးတယ်။ ထိုင်းနိုင်ငံမှာ လက်တွန်းလှည်းနဲ့ ချပါတီ လည် ရောင်းဖူးတယ်။ နောက် အဖမ်းခံ ရပြီး မြိတ်ထောင်ထဲမှာ ထောင် ကျဖူးတယ်။ US မှာ ကျွန်တော့် သူငယ်ချင်းရဲဘော်တွေ ရှိတယ်။ သူတို့က အခုထိ ကျွန်တော့်ကို ငွေလွှဲကြတုန်းပါ။ ရန်ကုန်မှာ လက်ဖလင်လုပ်ငန်းနဲ့ ကျွန်တော် ဟာ လည်ပင်းမှာ ရွှေဆွဲကြိုးနဲ့ ကောင် ဖြစ်ဖူးတယ်။ လက်ဖလင် လုပ်ငန်းမှာ ကျွန်တော် ထောတုန်း က ကျွန်တော်ချစ်တဲ့ ကိုချောနွယ် ဟာ ကျွန်တော့်အခန်းမှာ လချီနေ ထိုင်ခဲ့ဖူးတယ်။ အချစ်ဆိုတာ အဲ ဒီလို အတူရှိရတယ်’’
လူအိမ်က ကျွန်တော့်ကို မကြာမကြာ ပြော၏။
အခုတော့ ‘ရူးနေတဲ့ ကမ္ဘာ’ ကဗျာစာအုပ်တစ်အုပ်ကို ကျွန် တော်တို့အတွက် သူက အသေအ ချာ ထားခဲ့သည်။ အတူတူ သီချင်း များဆိုတုန်းမှာပင် လူအိမ်က ထွက်ခွာသွားခဲ့ပြီ။
မောင်ကိုကို(အမရပူရ)
(စာရေးဆရာမောင်ကိုကို (အမရပူရ)သည် စိတ်ဝင်စားဖွယ်လူပုဂ္ဂိုလ် များအကြောင်းနှင့် အက်ဆေးများ ရေးသားနေသူ ဖြစ်သည်။)
7day Daily သတင်းစာ၏ Website မှ ကူးယူဖော်ပြသည်
Labels: ,
မန္တလာ
လမ်းမကြီးတွေဟာလေ
သူတို့အပေါ် ရွာတောင့်ရွာခဲ
မိုးရွာချပလားဆို
ကျောတွေကော့ခွက်အိုင်ထွန်းခံ
လေးငါးရက်ကြွား မဆုံးတော့ဘူး။
ပြီးတော့လည်း……
မြို့ကြီးပေါ့မှ ပေါ့စေတော့လို့
သူတို့ ကိုယ့်ကိုခြောက်သယောင်းစေပြီး
ဖုန်တွေထအပျံခိုင်းပြန်ရော
မာယာ……
ပန်းတွေပန်းတွေ
ကျင်းထဲမှာ ပေါလောမျောညနေ
ယိပုတ်ကုန်မယ် ထင်နေတုန်း
သူတို့သခင်တွေရင်ထဲ
တိတ်တိတ်ပြန်ဝင်ပုန်းနေကြတာကော
မှော်……
မြို့ကြီးလေ မြို့ကြီး
ကစ်ပလင်ရယ် သေရာကထ
ရမ်းတုတ် မှန်းတုတ်နဲ့
'မန္တလေးကဗျာ'
တစ်ခါလှမ်းလုပ်ဦးမှာစိုးလို့
(ဒီလိုဟုတ်ချင်မှလည်းဟုတ်မယ်)
တစ်မြို့လုံးကြီးကိုပတ်
ဇစ်တပ်
ဆွဲစေ့သိမ်းထုတ်ထားတယ်
မြို့ကြီးလေ မြို့ကြီး…။
မောင်အောင်ပွင့်
စပယ်ဖြူ မဂ္ဂဇင်း။ အမှတ် ၇၂ (ဇူလိုင် ၁၉၉၂)
Labels: