Showing posts with label မွန်စိုး. Show all posts
Showing posts with label မွန်စိုး. Show all posts

ကဗျာဆရာနှင့် ကဗျာပြန်လည်တွေ့ဆုံခြင်း

နွေဦးတကျော့လည်ပြန်ပေါ့
မီးသတ်ကားဥသြသံတွေပဲ
မကြာခဏ ဝန်းကျင်မှာစိုးမိုး
ကိုယ်လည်း ကဗျာဆွံ့အကြာခဲ့ပြီ ။

မပျော်ရွှင်ပါဘူး
လွပ်လပ်ရေးသာတွေးဆလို့
ဘယ်အရာမှစိတ်မဝင်စား။

မိုးတိမ်တိုက်ဆီ
ကျေးငှက်များနှင့် ယဉ်ကျေးစွာ
မေမေ့ကိုအောင့်မေ့ရင်း
မေတ္တာပွားများ ။

ကဗျာဆရာဟာအိမ်မက်ကိုချစ်တယ်
ပန်းချီဆရာဟာ အလှအပကိုချစ်တယ်
အနုပညာရှင်ဟာကမ္ဘာလောကကြီးနဲ့ထပ်တူ
ရှင်သန်ကြည်လင်မှုကိုချစ်တယ်

တခါတလေသိပ်ပြီးဝမ်းနည်းရ
စိတ်တိုင်းကျနေထိုင်ခွင့်မရှိသောဘဝ
တောင်တန်းများ၌သာ လွပ်လပ်ခြင်းရှိနိုင်မယ်
တွေးမိပြီး
မိတ်ဆွေတချို့နဲ့
ကျေးတောသားတယောက်ဖြစ်ဖို့ကြိုးစား ။

ပြုံးရယ်ကြ စုဆုံဆွေးနွေး
လူ့ဘဝမှာ မိတ်ဆွေအရေးကြီးတယ်
ကိုယ်ဟာအထည်းကျန်နေတတ်ပေမယ့်
မိတ်ဆွေချစ်သူပါ ။

အိပ်ပျက်ညများလာရင်
သွေးသားလှိုက်ဆူ ချစ်သူတမ်းတ
ပါရှန်ကဗျာရဲ့ တောင်းဆိုချက်မှာ
ပြည့်စုံလှပါတယ်

ကျမ်းမာရေးကောင်းဖို့
အသက်ရှုသိမှတ်
အလုပ်သာလျှင် သန့်စင်ဆေးမြစ်။

နားလည်မှုများကွဲလွဲ
ဘာသာစကားဟာလူမှုဆက်ဆံရေးမှာ
လုံလောက်ခြင်းရှိရဲ့လား။

ငြိမ်းချမ်းရေးဆိုတာ
သင်္ကေတအဖြစ်သာဆုပ်ကိုင်နိုင်ကြောင်း
သိခဲ့ပြီးမှကဗျာဆရာအဖြစ်ကို
ပိုလို့မြတ်နိုးမိပြီပေါ့။။ ။

မွန်စိုး
၃ မတ်လ ၁၉၈၆

(ဤကဗျာကို သူ၏ကျောင်းပြီးခါစနေ့ရက်များတွင်
အမ် ရေကြည် အမည်ဖြင့် ကျေးလက်နေအိမ် အနုပညာအစီအစဉ်တခုအတွက်
ရေးသားခဲ့သည်။ ဝါကျင်နေပြီဖြစ်သော ထိုကဗျာစာရွက်ကို
မကြာမှီကပြန်လည်တွေ့ရှိခဲ့ပြီးနောက် ကျော်စိုး အမှတ်တရ ကဗျာအနေဖြင့်
ကျေးလက်နေအိမ် မှစီစဉ်တင်ဆက်သည် )

မမိုးဝေဖတ်ဖို့ကဗျာ (၂)

တညလုံးပဲ
တငြိမ့်ငြိမ့်သက်ဆင်း
မိုးစက်သံကိုကြားနေရတယ်
နိုးတစ်ဝက်နဲ့
သိ သိ သိနေတာက
ညီမလေးအနားမှာရှိနေသလို
ခံစားရတယ်
အိပ်မက်လည်းမက်တယ်
ညီမလေးရဲ့အနမ်းများနဲ့
ကိုယ်စိုစွတ်ခဲ့ရတဲ့
မနက်ခင်းတစ်ခုမှာ
ကဗျာသီဖွဲ့ မိပြန်ပြီ
အကိုရေးခဲ့တဲ့ ကဗျာတစ်ပုဒ်ကို
ရွတ်ဆိုနေမိသေးတယ်

                ငွေမိုး

       ညကအိမ်မက်ထဲမှာ
       ငွေမိုးလေးရွာနေတယ်
       မနက်နိုးလာတော့
       အပြင်မှာလည်း
       ငွေမိုးလေးရွာနေတယ်

               (ခင်ဝမ်း)

အကို့သို့လည်းလွမ်းပေါ့ ။


မွန်စိုး