မမိုးဝေဖတ်ဖို့ကဗျာ (၂)
တညလုံးပဲ
တငြိမ့်ငြိမ့်သက်ဆင်း
မိုးစက်သံကိုကြားနေရတယ်
နိုးတစ်ဝက်နဲ့
သိ သိ သိနေတာက
ညီမလေးအနားမှာရှိနေသလို
ခံစားရတယ်
အိပ်မက်လည်းမက်တယ်
ညီမလေးရဲ့အနမ်းများနဲ့
ကိုယ်စိုစွတ်ခဲ့ရတဲ့
မနက်ခင်းတစ်ခုမှာ
ကဗျာသီဖွဲ့ မိပြန်ပြီ
အကိုရေးခဲ့တဲ့ ကဗျာတစ်ပုဒ်ကို
ရွတ်ဆိုနေမိသေးတယ်
ငွေမိုး
ညကအိမ်မက်ထဲမှာ
ငွေမိုးလေးရွာနေတယ်
မနက်နိုးလာတော့
အပြင်မှာလည်း
ငွေမိုးလေးရွာနေတယ်
(ခင်ဝမ်း)
အကို့သို့လည်းလွမ်းပေါ့ ။
မွန်စိုး
Labels: မွန်စိုး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home