ဒီနေ့ နေ့စွဲ
သင်ခန်းစာက
ရွက်ဆုတ် ပြက္ခဒိန်။
ငယ်စဉ်ကလို
တွေ့မြင်ကြားသမျှ
အဆန်းတကျယ်မရှိတော့
ငါ့မှာ။
သပွတ်အူတွေက မရှုတ်
အစကို လိုက်ရှာ။
မပျော်လည်းဟန်ဆောင်
ပျော်လည်းဟန်ဆောင်
စွဲမက်စရာမရှိတော့
လက်ကျန်နေ့တွေ။
မြင်းခုန်တာလှတယ်
ခွေးခုန်တာမလှဘူး
လျှောက်တွေးနေတာပဲ
လျှောက်ရေးနေတာပဲ
ဒုန်းပျံ ပျံသွားသလို
သမင်လည်း သမင်အလျောက်
ဒရယ်လည်း ဒရယ်အလျောက်
လိုမလား။
ခင်ဇော်မြင့်
၁၇.၆.၂၀၁၈
ရေဦးအနုပညာမဂ္ဂဇင်း။ ၂၀၁၈
ဒီနေ့ နေ့စွဲ
သင်ခန်းစာက
အဆုတ်လိုက် အခိုင်လိုက်။
နောက်တစ်ရက်ရောက်ဖို့
နောက်တစ်ရွက်ကို ကြာပန်းလိုစောင့်ရ
ရွက်ဆုတ် ပြက္ခဒိန်။
ငယ်စဉ်ကလို
တွေ့မြင်ကြားသမျှ
အဆန်းတကျယ်မရှိတော့
ငါ့မှာ။
ပင့်ကူမျှင်တွေက မရှုတ်
သပွတ်အူတွေက မရှုတ်
အားလုံးရှင်းရှင်းလင်းလင်း
ပထမဆုံးအန်ဖတ်မမြင်နိုင်တော့
အစကို လိုက်ရှာ။
လက်သည်းခွံနဲ့ ခြေသည်းခွံကြား
မပျော်လည်းဟန်ဆောင်
ပျော်လည်းဟန်ဆောင်
စွဲမက်စရာမရှိတော့
လက်ကျန်နေ့တွေ။
မြင်းခုန်တာလှတယ်
ခွေးခုန်တာမလှဘူး
ငယ်စဉ် နားရည်ဝခဲ့သောစကား။
လျှောက်တွေးနေတာပဲ
လျှောက်ရေးနေတာပဲ
ဒုန်းပျံ ပျံသွားသလို
မီးခိုးတန်းများ အလျင်စလို။
သမင်လည်း သမင်အလျောက်
ဒရယ်လည်း ဒရယ်အလျောက်
ကျရာအခန်းမှ ဖြတ်လျှောက်ခဲ့ပြီးပါပြီ
ကဗျာကို အစကပြန်ဖတ်ကြည့်ဖို့
လိုမလား။
ခင်ဇော်မြင့်
၁၇.၆.၂၀၁၈
ရေဦးအနုပညာမဂ္ဂဇင်း။ ၂၀၁၈
Subscribe to:
Post Comments (Atom)
No comments:
Post a Comment