စာရွက်

ဖြူစင်တဲ့စကားတွေကိုသာ ကြားချင်တဲ့
သူတော်ကောင်းတစ်ယောက်ပါ။

ကျွန်တော်ဟာ သူ့ကို အိနြေ္ဒမဲ့တဲ့
မိန်းမတစ်ယောက်လို
အောင်သွယ်တဲ့အလုပ်ကိုလည်း ခိုင်းခဲ့ဖူးပါတယ်။

ကောက်ကျစ်တဲ့မိန်းမတစ်ယောက်လိုလဲ
အတင်းပြောခိုင်းခဲ့ဖူးပါပြီ။

သည့်ပြင်လူတွေကို မကျေနပ်တာနဲ့လည်း
သူ့ကို ဒေါသတကြီးနဲ့ ရေးခဲ့ဖူးပါတယ်။
ကျွန်တော်ရဲ့ ယုတ်မာတဲ့အစီအစဉ်တွေကို
လုပ်ဖို့လည်း
သူ့ကိုပြောပြခဲ့ဖူးပါပြီ
ကျွန်တော့်အကြောင်းကိုတော့ အားလုံးလိုလို သူသိခဲ့ပြီးပါပြီ

ဒါပေမယ့် သူ ကျွန်တော့်ကို ကနေ့ထိ
ဘာမှ မဝေဖန်ဘူး
မြင်သူမရှက်ပေမယ့်
ကျွန်တော် ရှက်လှပါပြီ။

ဒီတော့ ကျွန်တော် လိမ္မာပါပြီဆိုတဲ့အကြောင်းကို
ကျွန်တော့်အဖေ ဝမ်းသာအောင်
သူ သွားပြောပေးမယ်တဲ့။ ။

မောင်ဒီ
၁၉၇၁ ဖေဖေါ်ဝါရီ

No comments:

Post a Comment