30 March, 2016

ခရုတွေမှာ

အရာတစ်ခုကို စိတ်ကူးနဲ့အိပ်မက်မက်နိုင်တယ်ဆိုရင်
အဲဒါကို အကောင်အထည်ဖော်နိုင်တယ်တဲ့
ဝေါ့လ်တာ ဒစ်စနေကပြောတယ်
ခုတော့ သူဖြည်းဖြည်းချင်းလှမ်းနေနိုင်သေးတယ် ကြမ်းပြင်ဆီအားယူလို့ပေါ့
သူ့လက်ထဲမှာ ကလေးကိုပိုက်လို့
တစ်ဝိုင်းပြီးတစ်ဝိုင်း
ဖြည်းဖြည်းမှန်မှန်
သူဘာမှမစားရသေးတာ မနက်ကတည်းကပါတဲ့

အခု၃နာရီ
လမ်းဆီမှာ ငြိမ်လို့တိတ်လို့
ကိုယ်သာသူ့အစာအိမ်ထဲမှာဆို ဘယ်လိုတွေးရမလဲ
အခုတော့ သူဖြည်းဖြည်းချင်းလှမ်းနေနိုင်သေးတယ်
ဒီဘက်ကနေဟိုဘက်ဝိုင်းဆီ
သူအဆင်မပြေဘူး
သူ့ဒုက္ခက သူ့ခန္ဓာဝန်ထက်ပိုမိုလေးလံနေတယ်တဲ့
အခုထိတော့ ကလေးကို သူပိုက်ထားနိုင်ဆဲပဲ
သူ့ဆီပေးကမ်းရက်ရောတဲ့ အကြွေတချို့ကို လက်ခံရယူနိုင်ဆဲပဲ

ဟိုဘက်ဝိုင်းကနေ တခြားတစ်ဖက်
အခု
ကိုယ့်ဝိုင်းနဲ့ ဖြည်းဖြည်းချင်းနီးကပ်လာနေတယ်
တချို့ အကြွေမပါဘူးပြောတယ်
တချို့က သွားပါဦးဗျာတဲ့
တကယ်လို့ ကိုယ့်ဆီရောက်လာရင် ဘယ်လိုစကားဆိုရမလဲ
ထိုင်နေရင်း ကိုယ့်လက်တွေအေးစက်တုန်ရင်
သူအဆင်မပြေဘူးဆိုတာကို ကိုယ်သိနေတာပဲ
တွေးရင်း တွေးရင်းကိုယ်ဇောချွေးပြန်လာတယ်
ဖြည်းဖြည်းချင်း
စက္ကန့်တစ်ခုချင်း
ကိုယ်အဆင်မပြေဘူးဆိုတာကို သူသိမှသိပါ့မလား
ဘုရားသခင်
ခရုတွေမှာ ဘုရားသခင်ဆိုတာရှိပါသလား ။

သားဦး
၂၁ . ၉ . ၂၀၁၅

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home