အမှောင်ဟာ ငါ့သွေးထဲ ရေနက်ထဲ ငရဲလို

စိတ်ပစ္စည်းထုတ်လုပ်ရေးဟာ
အသက်အန္တရာယ် ရှိခဲ့မယ်လို့ ဘယ်သူထင်မှာလဲ
အကန်းလိုရောက်တဲ့နေရာတိုင်း
အကန်းလို ဘယ်ကိုတိုးပြီး ဘယ်ကိုတိုက်မှာလဲ
ဖမ်းယူရရှိမိတဲ့ အသံထဲ မကြာမီ အဲဒီစစ်သင်္ဘောကို ဖျက်ဆီးပစ်တော့မယ်လို့ သိရပါတယ်။
ဒီလောက်အထိ ရှင်းတာကို မရှင်းဘဲ
ပြောစရာမဟုတ်သလိုလို
ငါ စမ်းနေတဲ့ တရားက အကန်း
ငါ ငိုနေတာကို မြေမြှပ်ပစ်ခဲ့တယ်။
ကုတ်ခြစ်သံများ
အိပ်မက်သတင်း၊ သတိရခြင်းများ၊ မီးခိုးဖြူဖြူများ
ကျွန်တော်က ဒီမှာ
ငရဲလို ခြစ်ခြစ်တောက်ပူလို့ ။

ဟိန်းမြတ်ဇော်

No comments:

Post a Comment