ပိုသိလာတာအစား
ကြံစည် စဉ်းစားလို့ ပိုသိလာတာလို့ ပြင်ပေးပြီးပြီ
လောကထဲ
အညွှန်းများအတိုင်း
ကမ္ဘာခြား အချစ်နဲ့ဟာသများ
အဆီထဲက အသားများ
အသားထဲက အဆီလို ကစဉ့်ကလျား
စာကြောင်းများရွေ့နေနိုင်ပါသည်။
အောက်တစ်ကြောင်းကို ချပြီး
ဒီမနက်မှာ ဆုံတွေ့ဖို့ပဲ
ခင်ဗျားပါးစပ်ထဲကို ထိုးထည့်လိုက်ရင်
တောင့်ခဲနေတဲ့ နေ့တာအတိုလေးတစ်ခု ပြန်ထွက်လာလိမ့်မယ်
ခရီးက ၀င်္ကပါ
ဘယ်ကိုရောက်သွားတဲ့ တရားလဲ
ရုပ်ပုံလွှာကို ဖတ်ပြီး
နင်နေတဲ့
ဖုန် ခဏ ခဏ သုတ်နေရတဲ့
နိမိတ်ပုံကိစ္စလား
ရှင်နဲ့ ကျွန်မ (ယာယီအလေးချိန်)
ရေညှိစိမ်းစိမ်းများ (အဆစ်အမြစ်များ)
ပိတ်စတစ်စပေါ် အစုလိုက်အပြုံလိုက်
အလင်းပေါက်ကလေးတွေက
ခင်ဗျားရှာနေတဲ့ ခင်ဗျားရဲ့ ပျောက်ဆုံးမှုမျိုးဆက်လား။
ဟိန်းမြတ်ဇော်
No comments:
Post a Comment