အမေသည် ခေါင်းအုံးကလေးတစ်လုံးကို ချုပ်၍နေလေသည်
တစ်ရက်တွင် အမေသည် သူ့ခေါင်းအုံးကလေးနဲ့ နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နေတယ်။
ကျွန်တော်သည် အမေနိုးမည်စိုးရျု ခြေကိုဖော့ကာ
ကျွန်တော၏ ကျောက်သင်ပုန်းကလေးနှင့်
ကျောင်းကို ထွက်ခဲ့တယ်။
ကျွန်တော် ကျောင်းကပြန်လာသောအခါတွင်
အမေနှင့် သူ၏ ခေါင်းအုံးကလေးကို မတွေ့ရတော့ပါ။
တစ်နေ့တွင်
ကျွန်တော်သည် အမေ၏ ပျက်စီးနေသော
ခေါင်းအုံးကလေးကို ရွာ၏နောက်ဘက်၌
ပြန်တွေ့ရပါတယ်။
အမေ့ကိုတော့ ယနေထိ မတွေ့ရတော့ပါ။
မောင်ဒီ
၁၉၇၁
No comments:
Post a Comment