26 December, 2018

လူနဲ႔ သာသနာနဲ႔ ေတြ႕တယ္၊ ဒါေပမယ့္ တစ္ေယာက္ကို တစ္ေယာက္ မမွတ္မိၾကဘူး



တျဖည္းျဖည္းနဲ႔ မႏၱေလးသိန္းေဇာ္ရဲ႕အသံဟာ လႈပ္ခါလာတယ္
ၿပီးေတာ့ တကၽြိကၽြိ ျမည္လာတယ္
DJျပားေတြဟာ သံသရာပါပဲ၊ ဘုန္းႀကီးဟာ စိတ္အိုက္လာတိုင္း ကိုယ္ရံုသကၤန္းကို ခၽြတ္ခၽြတ္ခ်ေလ့ရွိတယ္
ခုတင္ပဲ ဘုန္းေတာ္ႀကီးဟာ ေက်ာက္ရုပ္ျဖစ္သြားၿပီး
အခုခ်က္ခ်င္းပဲ မ်က္ရည္က်တယ္ဆိုတဲ့ တန္ခိုးျပာဋိဟာကို
ရပ္ကြက္ထဲ အိမ္ေပါက္ေစ့ေလ်ွာက္သြားေနတဲ့ မိန္းမက ျပတယ္
တရားထူးတရားျမတ္ေတြကို အမွတ္တရတီရွပ္ေပၚ ေရးထားတဲ့ဆိုင္မွာ
ျမန္မာႏိုင္ငံရဲ႕ ေျမပံုဟာ မီးပူတိုက္ခံေနရတယ္
ပူေလာင္မႈက သာဓုသံုးႀကိမ္သံုးခါတိတိ ေခၚလိုက္တာနဲ႔
မကၽြတ္မလြတ္ေသးတဲ့ ငွက္ေတြ တစ္ေကာင္ကို ၂၀၀၊ ၃၀၀ေလာက္နဲ႔ ကၽြတ္လြတ္သြားၾကတယ္
အပါယ္တံခါးပိတ္သြားၿပီဆိုတဲ့တစ္ေယာက္က သူသြားခဲ့တဲ့ ခရီးတေလ်ွာက္ကုန္က်စရိတ္ကို စိတ္တြက္ တြက္ၿပီးေတာ့မွ ငိုတယ္
အေၾကာင္းအက်ိဳးအရေတာ့ လက္ဖဝါးကလည္း ရိုးရာမပ်က္ အဓိဌာန္ဝင္ရသလို
ေက်ာက္တံုးကလည္း တစ္ႏွစ္ထက္တစ္ႏွစ္ ပိုပိုေပါ႔ေပးရ
ပြတ္တိုက္မႈဟာ တန္ခိုးေတာ္အနႏၱပဲ
ဒါေၾကာင့္ ဘုရားဖူးရာသီေရာက္တိုင္း ဘုရားဖူးတဲ့ ငါးေတြ လာၾကပါတယ္
ကမ္းေျခမွာ အပန္းေျဖရင္း ဝတ္ဆင္ပံုရတဲ့ ဘီကီနီေရာင္စံုဆန္းျပားနဲ႔ ။

ဆစ္ခ္
ဒီဇင္ဘာ၊ ၂၀၁၅


လူနဲ့ သာသနာနဲ့ တွေ့တယ်၊ ဒါပေမယ့် တစ်ယောက်ကို တစ်ယောက် မမှတ်မိကြဘူး

တဖြည်းဖြည်းနဲ့ မန္တလေးသိန်းဇော်ရဲ့အသံဟာ လှုပ်ခါလာတယ်
ပြီးတော့ တကျွိကျွိ မြည်လာတယ်
DJပြားတွေဟာ သံသရာပါပဲ၊ ဘုန်းကြီးဟာ စိတ်အိုက်လာတိုင်း ကိုယ်ရုံသင်္ကန်းကို ချွတ်ချွတ်ချလေ့ရှိတယ်
ခုတင်ပဲ ဘုန်းတော်ကြီးဟာ ကျောက်ရုပ်ဖြစ်သွားပြီး
အခုချက်ချင်းပဲ မျက်ရည်ကျတယ်ဆိုတဲ့ တန်ခိုးပြာဋိဟာကို
ရပ်ကွက်ထဲ အိမ်ပေါက်စေ့လျှောက်သွားနေတဲ့ မိန်းမက ပြတယ်
တရားထူးတရားမြတ်တွေကို အမှတ်တရတီရှပ်ပေါ် ရေးထားတဲ့ဆိုင်မှာ
မြန်မာနိုင်ငံရဲ့ မြေပုံဟာ မီးပူတိုက်ခံနေရတယ်
ပူလောင်မှုက သာဓုသုံးကြိမ်သုံးခါတိတိ ခေါ်လိုက်တာနဲ့
မကျွတ်မလွတ်သေးတဲ့ ငှက်တွေ တစ်ကောင်ကို ၂၀၀၊ ၃၀၀လောက်နဲ့ ကျွတ်လွတ်သွားကြတယ်
အပါယ်တံခါးပိတ်သွားပြီဆိုတဲ့တစ်ယောက်က သူသွားခဲ့တဲ့ ခရီးတလျှောက်ကုန်ကျစရိတ်ကို စိတ်တွက် တွက်ပြီးတော့မှ ငိုတယ်
အကြောင်းအကျိုးအရတော့ လက်ဖဝါးကလည်း ရိုးရာမပျက် အဓိဌာန်ဝင်ရသလို
ကျောက်တုံးကလည်း တစ်နှစ်ထက်တစ်နှစ် ပိုပိုပေါ့ပေးရ
ပွတ်တိုက်မှုဟာ တန်ခိုးတော်အနန္တပဲ
ဒါကြောင့် ဘုရားဖူးရာသီရောက်တိုင်း ဘုရားဖူးတဲ့ ငါးတွေ လာကြပါတယ်
ကမ်းခြေမှာ အပန်းဖြေရင်း ဝတ်ဆင်ပုံရတဲ့ ဘီကီနီရောင်စုံဆန်းပြားနဲ့ ။

ဆစ်ခ်
ဒီဇင်ဘာ၊ ၂၀၁၅

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home