ယာဉ်ကြောထူထူပင့်သက်မှာ ငြိမ်သက်ခြင်း


အစွဲအလမ်းဖြင့်
သော့တွဲကိုအသုံးပြုစဉ်
အလိုရမ္မက်သည် ယာဉ်ကြောထူထပ်လာလေ၏။

စုဆောင်းထားရှိချက်တွင် ခြေစုံရပ်ကာ
မျဉ်းဖြောင့်မဆန်သောသံယောဇဉ်များလောင်ကျွမ်း
ထို...ကျန်မာရေးကို စိတ်ဝင်စားတယ်။

ကျွေးမွေးထားတဲ့
အမှန်တရားကလည်း
သွေးအားနည်းလို့ဆိုပဲ။

ဘ၀နှင့်...
ကျွန်တော်တို့အတွက်
ဥပမာများ၊ ဇာတ်လမ်းများ
အတ္ထုပ္ပတ္တိများ
ရင့်ကျက်သောဆဲရေးသံများ
ထွက်ဆိုချက်ဟာသူတစ်ပြန် ကိုယ်တစ်ပြန်
ဓာတ်ခဲကုန်တာလည်း မြန်ရဲ့။

လမ်းတွေက
နာနာကျင်ကျင်လင်းလို့
အခုဆိုရင်
ပန်းဝင်နောက်ကျတဲ့ ဆာလောင်ပုံရဲ့မိတ္ထူမှာ
ခင်ဗျားကြိုက်တဲ့ဆင်ခြင်တုံတရားဟာ
အကြောလျှော့နေတာတွေ့ရမယ်။

ဝင်းဇော်လွင်

No comments:

Post a Comment