07 December, 2018

သူတောင်းစားတွေငတ်နေတဲ့ တိုင်းပြည်မှာ


ကဗျာတပုဒ်ကြောင့်
ကြိုးစင်တက်ရ။

ကဗျာတပုဒ်ကြောင့်
မဲဇာအပို့ခံရ။

ကဗျာတပုဒ်ကြောင့်
ကျောင်းတက်ခွင့်အပိတ်ခံရ။

ကဗျာတပုဒ်ကြောင့်
လက်မှတ်ထိုးရ။

ကဗျာတပုဒ်ကြောင့်
ထောင်ချခံရ။

ကဗျာတပုဒ်ကြောင့်
ရဲဘက်အပို့ ခံရ။

ကဗျာတပုဒ်ကြောင့်
၆၆ ဃနဲ့ ထပ်တိုးရ။

သြော်
ငါတို့ နှယ်
သေတဲ့သူတွေလည်းများပြီ။

ဒါတောင်
စစ်ပွဲဟာ
အကျိုးစီးပွားဖြစ်ထွန်းနေတုန်း။ ။

တင်လတ်ကို

Labels:

ရေအောက်ကမ္ဘာ

ငါးမန်းက
ဆူးထောင်သွားတယ်။

ရေငုပ်သင်္ဘောက
အဓိပ္ပာယ်တစ်ခုရှိနိုးနဲ့ ရေဆက်ငုတ်ဆဲ။

ငါးသေးများ
ရေမွှာများ
အသက်ဇီဝအား မျက်လုံးဖွင့်လို့။

ရေဒါမှာ
သွေးညှီနံ့ မရသော်ငြား
အန္တရာယ်ရှိမှန်း ပင်လယ်ပြင်ကောင်းကောင်းသိတယ်။

တင်လတ်ကို

Labels:

01 April, 2016

အနိဠာရုံ

ပြာပူ
ယမ်းနံ့
အလောင်းများပြည့်နေတဲ့လမ်း
ဒါအိပ်မက်
ဒါအနာဂတ်
ဒါတစ်လက်မမှ နောက်မဆုတ်ခဲ့တဲ့ကဗျာ ။

သ၀ဏ်လွှာ
လက်ဗွေနှိပ်
လောကဓံထံ ပြန်ပို့ခဲ့ရာ။

စစ်ပွဲ
စာပို့ငှက်လည်း ပြန်မလာတော့ ။

တင်လတ်ကို

Labels: