ဆူးလေလမ်းတဝိုက်
ရေခဲရေ ခွက်ခေါက်သံ
ကားများ ဟွန်းသံ
ခိုတွေ အလန့်တကြား ထပျံသွားကြပေါ့
ဆယ်စုနှစ်များထဲ
လူနေထူထပ်
တဦးနဲ့တဦး ပျာယာခတ်ကြ
မြို့ပြမိုးတိမ်
ဂုံးကျော်တံတား
စာအုပ်အဟောင်းတန်း ... ဖြတ်သန်းခဲ့ပြီးနောက်
တခါတရံ အားငယ် စိတ်ဓာတ်ကျ ...
တခါတရံ ရဲရင့် ...
ခေတ်ရဲ့ လှေကားထစ်ပေါ်မှာ
အပတ်စဉ်ဂျာနယ်များ
ဆန္ဒပြပွဲများ
ကင်မရာ မီးရောင်များ တဖျပ်ဖျပ် ...
လူငယ်လေးတယောက်ကတော့
အားလုံး ရ ရင်ရ
မရရင် ဘာမှမယူဘူးဆိုတဲ့ ကဗျာစာသားတွေ
လိုက်ဝေနေလေရဲ့ ။ ။
မောင်ဆေးရိုး
Labels: မောင်ဆေးရိုး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home