ပထမတော့သိဒ္ဓတ္ထဟာ တောခိုမလို့ပဲ
မင်းဟာဂျာမန် ပြိုင်ကားတစီးဆိုလည်း
ပြင်သစ်မှာ နှင်းလျှောစီးရင်း ခြေကျိုးသွားနိုင်တာပဲ။
ရထားတစီးကို ညစာစားပွဲတခုက
ငါးကင်တကောင်လိုဖဲ့စားနိုင်တယ်
သံလမ်းရဲ့ပါးပျဉ်းကို
ဘယ်သူဆက်နမ်းမလဲဝိုင်ခွက်တွေမြှောက်ပြီးတော့ပေါ့။
မျက်နှာချင်းဆိုင်မှာလာနေတဲ့
မိန်းမဗိုက်သားနဲ့ ရင်သားတောင်တန်းတွေပေါ်
ကိုယ်စီညှစ်ထုတ်လိုက်တဲ့ချွေးနဲ့
ဆားကုန်ကူးကြတဲ့ မဟာခရီးရှည်ပဲလား။
မင်းအတွက် အနီးဆုံးက တိရစ္ဆာန်ဘုံပဲ
မယုံဘူးလား ငါလည်း အခုတစ္ဆေ ဖြစ်နေပြီ။
ရောက်လေရာ အဲ့ဒီသေနတ်က
ဆေးရုံကို ပခုံးပေါ်တင်လျှောက်နေတဲ့ဆေးရုံ
စစ်ခြေထောက်
တံတားရဲ့သွားတွေကမကျိုးတော့ဘူးလား။
အရိုးပေါင်း အသားပေါင်းများစွာနဲ့လုပ်ထားတဲ့
ဟမ်ဘာကာစားပြီး
မြို့ရဲ့ရင်သားတွေကြီးထွားအရွယ်ရောက်လာတာကလွဲပြီး
တစ်ကယ်ဆို ဘဝက
နတ်သုဒ္ဓါခင်းကြီးထဲ မစင်တစက်ပြုတ်ကျနေတာပဲ။
သိပ်မကြောနဲ့
မျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်လာတာ
ခင်ဗျားတို့မတိုင်ခင်ကတည်းက ဘုရားက။
ခရမ်းပြာထက်လူ
Labels: ခရမ်းပြာထက်လူ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home