06 March, 2020

ပန်းချီရေးဆွဲခြင်း

ဘယ်သူပြောတာလဲလို့မမေးနဲ့
မိမိကိုယ်သာမိမိကိုးကွယ်ရာ
စီးကျနေတဲ့အသံတွေကိုရေးဆွဲခဲ့တယ်
ဆေးစက်တွေပါလို့အော်အော်နေရတယ်
ခက်ပါတယ်
ကပ်ပါလာတဲ့အကြောင်းကြောင်းကြောင့်ဖြစ်စေ
လောကလူသားတွေမှာ
အပြန်ပြန်မျက်နှာအဟောင်းတွေမှာ
အရောင်ဘယ်ကထွက်လာမလဲလို့
စိတ်ကူးနဲ့အတူအပြိုင်တွေးတယ်
ရေးရေးပဲ
ညနေခင်းကငှက်တွေမှာ။

ဟိန်းမြတ်ဇော်

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home