နားတွေ
နားတွေဟာ
တစ်ဖက်ကကန်းနေတဲ့နားကိုစိတ်ပူရတာပေါ့
ညီလေးမင်းဆီကိုလည်းဝင်မယ်တဲ့
မင်းအော်အော်ပြီးပြောစရာမလိုဘူး
ကန်းနေတဲ့နားက
စမ်းစမ်းပြီးသူ့အဖော်နားတစ်ဖက်ဆီ
ပိုက်ဆံတွေပါသွားကြောင်း
နားကန်းရခြင်းအကြောင်း
နားရွက်တွေကိုက်ဖြတ်သင့်ကြောင်း
စွန့်ခွာထွက်ပြေးကြဖို့လိုကြောင်း
နားကအစားအစာတစ်ခုခုရလိုကြောင်း
အိပ်စက်ခြင်းမရှိကြောင်း
အသံရှိတဲ့နားတစ်ဖက်နဲ့တွေ့လိုကြောင်း
လူသားဆန်ဆန်အတွေးတွေနဲ့အတိတ်သမိုင်းဆိုတာသူမသိကြောင်း
သူ့မှာခန္ဓာရှိကြောင်း
အသံမရှိကြောင်း
နားဆင်ချင်လို့ပြန်တောင်းနေတယ်
ယုံတမ်းစကားတွေကိုပဲ
နားကကြားကြားနေတယ်
ဟိန်းမြတ်ဇော်
Labels: ဟိန်းမြတ်ဇော်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home