လွမ်းတော်မူရသည်ကို
နေက သာလို႔
ကျီးက အာလို႔
မေလှမြိုင်သီချင်းလေးထဲကလိုပြန်လာမှာလား
တောလမ်းကလေးသီချင်းထဲကလိုပြန်လာမှာလား
တော်တော်ပြောတဲ့ချောနှမရယ်
မျှော်တော်ဇောနဲ့မောရတယ်
အရိုးထဲထိဆွေးမြေ့
အသားထဲထိထွေးပွေ့
မြေချစ်သူကဗျာထဲကလို
စောင်ကလေးခြုံပြီးလွမ်းမိတယ်။
ကြည်ဇော်အေး
4 dec 2019
Labels: ကြည်ဇော်အေး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home