အုတ်ဂူဖောက်ခြင်း

အပြတ်သာရှင်းလိုက်တော့
အရိပ်တောင်မလွတ်စေနဲ့

လက်မြန်
သွေးအေး

ဗိုင်းရပ်စ်ဟာ
သိုင်းတတ်တယ်
ထစ်မနေဘူး သွားမရစ်နဲ့

ဖြည့်လိုက်ရတဲ့လောင်စာတွေ
ဇာတ်ကြီးဆယ်ဘွဲ့ရော
ငါးရာ့ငါးဆယ်ရော ကုန်ပြီ

အချိန်က
အတ္တလန်တာမြို့ကြီးမီးလောင်ပြီးခါစလို အချိန်
မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ။

ကြည်ဇော်အေး
5 march 20

No comments:

Post a Comment