အဘိုးကြီး



အဓိပ္ပါယ်ရှိချင်လို့
အကျီၤလို လူကိုယ်ပေါ်မှာနေသတဲ့ ။

တွေးခေါ်သောလေကောင်းလေသန့်ကို
နံနက်စောစော တုတ်ကောက်နဲ့ထစမ်းတယ် ။

နေမထွက်ခင်
မြူနှင်းတွေကိုထမ်းထားပြီး နေထွက်လာတော့
ရှောင်နေတယ် ။

ကောက်ရိုးမီးထဲမှာ
ဖွဲတစ်ဆုပ်ကို အနက်အသစ်နဲ့ ရှို့ဖို့ ။

ချွေးစို့လာရင်
ကျန်းမာသော ဒဿနအမြင်ဆိုတာ
သွေးလွှတ်ကြောတွေရဲ့ရုန်းကန်မှုပဲ ။

မျက်လုံးထဲမှာ သံသယတိမ်တွေငြိမ်နေပြီဆို
မရွာသေးတဲ့မိုးလို သူအိုလာတာ သူမေ့နေပုံ ။ ။

ဝင်းမြင့်
၄ ၃ ၂၀၁၉

No comments:

Post a Comment