ဝင်းဒိုးတင်ခြင်း

စုန်းပူးသလို
နတ်ပူးသလို
တုန်ခါ

ကိုယ့်အသက်ထက်မြန်နှုန်းမြင့်
ကိုယ့်အစား သူက အသက်ဝင်ဝင်ရှူ
ကိုယ့်အစား သူက အလစ်ဝင်ဝင်တိုက်

fire wall အမြင့်ကြီးတွေလည်း မလုံခြုံ
မြေအောက်ဥမင်ထဲလည်း မလုံခြုံ

ကူးစက်ရောဂါကို ကိုင်းကူးမျိုးစပ်
သားဖောက် အသီးသီး အပွင့်တူရွက်တူ

ဆယ့်နှစ်လရာသီရရှိနိုင်ကြောင်း
စက္ကန့်နဲ့အမျှအရေးကြီးကြောင်း

ငါးစာက ငါးပဲရှိ
မျှားစရာဘာမှမရှိ
အငြိမ်မနေရ

လူ့အမှားက
လက်ဆော့မိကြတာပဲ ။

ကြည်ဇော်အေး
5 march 20

No comments:

Post a Comment