ဝင်းဒိုးတင်ခြင်း
စုန်းပူးသလို
နတ်ပူးသလို
တုန်ခါ
ကိုယ့်အသက်ထက်မြန်နှုန်းမြင့်
ကိုယ့်အစား သူက အသက်ဝင်ဝင်ရှူ
ကိုယ့်အစား သူက အလစ်ဝင်ဝင်တိုက်
fire wall အမြင့်ကြီးတွေလည်း မလုံခြုံ
မြေအောက်ဥမင်ထဲလည်း မလုံခြုံ
ကူးစက်ရောဂါကို ကိုင်းကူးမျိုးစပ်
သားဖောက် အသီးသီး အပွင့်တူရွက်တူ
ဆယ့်နှစ်လရာသီရရှိနိုင်ကြောင်း
စက္ကန့်နဲ့အမျှအရေးကြီးကြောင်း
ငါးစာက ငါးပဲရှိ
မျှားစရာဘာမှမရှိ
အငြိမ်မနေရ
လူ့အမှားက
လက်ဆော့မိကြတာပဲ ။
ကြည်ဇော်အေး
5 march 20
Labels: ကြည်ဇော်အေး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home