06 March, 2020

အာကာသသန့်ရှင်းရေး

မြေငလျင်တိုင်းထွာရေးစခန်းက သတင်းပေးပို့ချက်များအတိုင်း
စားပွဲပေါ်က ဖုန်မှုန့်တွေရွေ့လျားသွားကြတယ်

လူနာတင်လှည်းဘီးလိမ့်သံက ရထားတစ်စင်းမောင်းလာသလိုပဲ
လမ်းမီးများဟာ ဖြောင့်တန်းနေကြတယ်

နေအဖွဲ့အစည်းအတွင်းမှ အမှိုက်တွေဟာ
ကမ္ဘာပတ်လမ်းကြောင်းထဲမှာ
သွေးပြန်ကြောအတိုင်း စီးနေကြ

သွေးလွှတ်ကြောအတိုင်း
မျောနေကြ

ဂြိုလ်တွေက
မီးလောင်နေတယ်

ငါတို့က
ကဗျာရေးနေတယ်။

ကြည်ဇော်အေး
၉ / ၁၂ / ၂၀၁၇

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home