ကျန်းမာအောင်နေထိုင်နည်း
လူတယောက်ပါးစပ်ထဲမှာ
အင်္ဂလန်က သူရဲနီတွေ။
တနင်္ဂနွေ
ကျောနံပါတ် ၁၃။
လမ်းဘေးမှာ
တိုက်စစ်အားကောင်းတဲ့ စိန်ပန်းနီနီတွေ။
Big Boss ရေသန့်ကားတွေ
ဖြတ်မောင်းလို့။
လ္ဘက်ရည်ဆိုင်မှာ
သတင်းစားအပြင်
နောက်ထပ် အငြင်းပွားသံတွေ။
ရေပက်မဝင်အောင်
စီးပွားကောင်းနေသူရဲ့ ဖုန်းမြည်သံ။
ရပ်ကွက်
ဘယ်တော့မှ ရပ်လို့မရတဲ့ ရပ်ကွက်။
အရာအားလုံး
ထမ်းထားရတဲ့ ရပ်ကွက်။
အလို
ခင်ဗျားက ချာလီချက်ပလင် ခြင်္သေ့လား
စွမ်းပါဘိ။
ခင်ဗျားက
မစ္စတာဘင်းကိတ်လား
ဆန်းပါဘိ။
ရယ်စရာကို
ဒီလို လွယ်လွယ်ရနိုင်သလား
ခန်းနားပါဘိ။
ဒါ တယောက်ယောက်ကို ရန်စနေတာလား။
နေမြင့်လေ
အရောင်လွင့်လေတဲ့ ရပ်ကွက်။
ခင်ဗျားကတော့ထင်မယ်
ရစရာ တမူးတပဲနဲ့
လူ့ဘဝ လာထိုင်နေရတယ်လို့။
အရောင်လွင့်ဘဝ
အရောင်လွင့် ဂျင်းဘောင်းဘီဆိုတာ ငါတို့ပဲ။
ဒါကိုပဲ
ခင်ဗျားတို့ အမြတ်တနိုးဝတ်ဆင်ကြ။
ကျာပွတ်သံဟာ
ကျန်းမာရေးနဲ့ မညီညွတ်ကြောင်း ငါတို့ သိပါရဲ့။
ငါတို့ဟာ
မြင်းတွေကို ရိုက်ရတယ်
ငါတို့ဟာ
မြက်တွေကို ခုတ်ရတယ်။
ရစရာမရှိ
ရော်စရာရှိရမယ်ဆိုတဲ့ ဘဝမှာ။
ငါတို့က
အရသာမရှိသော ကိုယ်နေကိုယ်ထား
အရသာမရှိသော ခေါင်းပြတ်
အရသာမရှိသော အန္ဓ
မလိုချင်ဘူး
ရွေးစရာမရှိရင်
ဒီလမ်းပဲပေး ဆိုတာတွေ။
ငါတို့ဟာ
သီချင်းတွေ ဖြစ်သလိုဆိုနေလည်း
ထိုင်မြဲ။
ကားတွေ ထင်သလိုမောင်းနေလည်း
ထိုင်မြဲ။
စကားတွေ ထင်သလိုပြောနေလည်း
ထိုင်မြဲ။
ငါတို့ရပ်ကွက်မှာ
ငါတို့လမ်းကို
လွင့်အောင် တိုက်နိုင်မယ့် လေ
မရှိသေး။
ငါတို့ဟာ
သွေးအေး သတ္တဝါ
လ္ဘက်ရည်ဆိုင်ဆိုတာ
ငါတို့ရဲ့ ကမ္ဘာဦး မီးပုံပါ။
ခရမ်းပြာထက်လူ
၂၀၀၅
ဗြူးတီးမဂ္ဂဇင်း
Labels: ခရမ်းပြာထက်လူ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home