ခေတ်သစ်ပန်းချီဆရာ
"ငါက ပန်းချီဆရာ
အသေကောင်ကို အသက်သွင်းတဲ့သူ မဟုတ်ဘူး"
( ဂေါ်ဂင် )
ဟောဒီမှာ
တောကျီးကန်းတကောင်ရဲ့
ကျီးလန့်စာစားနေတဲ့ ပန်းချီကား။
နားရွက်တွေ
မြို့ကြီးထက်မြင့်အောင်တည်ဆောက်
မျက်လုံးတွေ
ကောင်းကင်မှာ ကပ်ထားရတဲ့ ပန်းချီကား။
ငါ ဓါတ်ပုံဆရာ မဟုတ်ဘူး
ငါ တရားဟောဆရာ မဟုတ်ဘူး
ငါ အရိုးကောက်ပြီး
ရောက်တဲ့နေရာခန့်မှန်းတဲ့ သမိုင်းဆရာမဟုတ်ဘူး။
ကြားမိပါစ
သစ်စက်က အန်ထွက်နေတဲ့ အဘိဓမ္မာသစ်ရဲ့အော်သံ။
လက်တည့်စမ်းချင်စိတ်
လက်ထဲထိုးထည့်ပေးသွားသူ ကိုလံဘတ်စ်။
ငါမအားတော့ဘူး
ကမ္ဘာကြီးရေ
၁၈ ရာစု ဗန်ဂိုးရဲ့ ပန်းချီကားတွေထဲ
ငါ့ဇနီးနဲ့ ငါ့သမီးထိုင်နေတာ မဆန်းတော့ဘူး။
ငါက ပန်းချီဆရာ
ရှင်သန်မှုကို သတ်ပစ်နေတာ မဟုတ်ဘူး။
ခရမ်းပြာထက်လူ
၂၀၀၆၊ ရယ်စရာမဂ္ဂဇင်း
Labels: ခရမ်းပြာထက်လူ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home