အံ့သြဘနန်း
စိန်ပွင့်လေးတွေ အဖြစ်
နေမင်း ပေါက်ကွဲထွက်သွားတယ်
တိုက်ပွဲတစ်ရာ အောင်ခဲ့တဲ့
သူရဲကောင်းရဲ့ လက်ဟာ
ဓားကို မမြဲတော့ဘူး
သူတော်စင်ရဲ့ ဓမ္မတရားတွေဟာ
မှားကုန်ပါပေါ့
လာပြီ
သူမ လာပြီ
ဧကရီ လာပြီ
အားလုံးလွင့်စင် ပေါက်ကွဲပြီး
ဟိုက်ဒရိုဂျင်ဓာတ်ငွေ့တိမ်ထုကြီးထဲကနေ
စကြာဝဠာ ပေါ်ထွန်းလာသလို
အချစ်လာပါပြီ။
ညီမွန်
Labels: ညီမြန္
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home