အချစ်ဆိုတာ
အချစ်ဆိုတာ
မှည့်ရွှမ်းတဲ့ ဆီးသီးတစ်လုံးပါ
ခရမ်းရောင်အပင်မှာ ကြီးထွားတယ်။
တစ်ကြိမ် မြည်းကြည့်မိတယ်ဆိုရင်ပဲ
မင်းကို လုံးဝ တည်ရှိခွင့်မပြုတော့ဘူး။
အချစ်ဆိုတာ
တောက်ပတဲ့ ကြယ်စင်ပါ
ဟိုအဝေး တောင်ဘက်ကောင်းကင်မှာ လက်ပတယ်။
စူးစိုက်ကြည့်ပါ
မင့်မျက်လုံးတွေကို ကျိန်းစေမယ်။
အချစ်ဆိုတာ
မြင့်မားတဲ့ တောင်တစ်လုံးပါ
လေထန်တဲ့ ကောင်းကင်မှာ ငေါထွက်လို့။
အသက်ရှူမမှားချင်ဘူးဆိုရင်
အမြင့်ကြီး မတက်လေနဲ့။
လင်စတန်ဟယူး
ဘာသာပြန်- ညီမွန်
၁၂. ၃. ၂၀၁၉
LOVE SONG FOR LUCIDA by Lingston Huegus
Labels: Lingston Huegus, ညီမြန္
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home