ဟိုတယ်
လှောင်အိမ်သဏ္ဌာန် ကျွန်တော့်အခန်းထဲ
နေက သူ့လက်ကို ပြတင်းပေါက်ကနေ
ထိုးသွင်းထည့်ထားတယ်
ကျွန်တော့်သဘောကို ပြောရရင်
စီးကရက် သောက်ချင်တယ်
အိမ်မက် မက်ချင်တယ်
အဲဒီ နေရဲ့ လက်မှာ
ကျွန်တော့် စီးကရက်ကို မီးညှိလိုက်တယ်
ကျွန်တော့်သဘောကို ပြောပြရရင်
ကျွန်တော် အလုပ်မလုပ်ချင်ဘူး
စီးကရက် သောက်ချင်တယ်
အိမ်မက် မက်ချင်တယ် ။
Apollinaire - Hotel
မောင်ကိုကို(အမရပူရ) ဘာသာပြန်ဆိုသည်
Labels: Guillaume Apollinaire, မောင်ကိုကို(အမရပူရ)
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home