ပေါလ်ဂေါ်ဂင်စိတ္တဇဆေးရုံ
ကျွန်းကလေးပေါ်မှာ
နေရောင်တဝင်းဝင်း
ဆားနံ့ တသင်းသင်း
ပုစွန်ကင်စားချင်တယ်ဆိုတော့
ရေကူးသင်ပေးရတယ်
ပင်လယ်ကို ငါ စမြင်ဖူးတဲ့နေ့
မင်းကျေးဇူး ငါမမေ့ခဲ့
ငါ့ဆံပင်တွေ ဒရိုင်ယာနဲ့ခြောက်သွေ့စေတဲ့နေ့
မင်းလှိုင်းတွေပေါ် ငါရင်ခုန်တဲ့နေ့
ငါ့ သောင်ကမ်းခြေတစ်လျှောက်
မင်း လမ်းလျှောက်တဲ့ည
ဟိုတယ်အခန်းလေးထဲ
ဘယ်ပန်းအိုးမှ ကျမကွဲ
ဘယ်ပန်းပွင့်ပေါ်မှ လိပ်ပြာမနား
နားဖို့မလိုဘူးလေ အချစ်ရဲ့
အနားယူဖို့ လိုသေးလား ။
ကြည်ဇော်အေး
1-2-2020
Labels: ကြည်ဇော်အေး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home