ပုလင်းခွံအလွတ်များ
ပုလင်းခွံအလွတ်များ
ဆောင်းရာသီကုန်ဆုံးတဲ့အခါ
ဖန်ခွက်ချင်းတိုက်ပြီး
သစ်ပင်များဟာ ခွဲခွာခြင်းကို စတင်ခဲ့တယ်
မင်းနဲ့အတူအိပ်ဖို့
စကားတွေအများကြီးမလိုအပ်ပါ
တစ်ယောက်အသားအရေကို
တစ်ယောက်က အရသာခံတတ်ကြဖို့
တစ်ယောက်နှုတ်ခမ်းကို တစ်ယောက်က မီးညှိပေးကြဖို့
ဝိုင်ကောင်းကောင်း တစ်ပုလင်းသာလိုပါတယ်
ရေကူးပါ
နေပူလှန်းပါ
အဝတ်အစားတွေချွတ်ပစ်ပါ
သစ်ရွက်တွေကြွေကျနေဆဲ သစ်ပင်လို
မင်းပိုပြီး လှပလာပါလိမယ်
သဲပွင့်တွေနဲ့ဆားနံ့မွှေးမွှေး လေက
အသက်ရှူမှုကို အထောက်အကူပြုပေးပါလိမ့်မယ်
ရှုမျှော်ခင်းများအတွက်
လတ်လတ်ဆတ်ဆတ်မီးဖုတ်ထားတဲ့ ပုစွန်တစ်ကောင်လိုပါတယ်
အကြေးမလှန်ရသေးတဲ့ ငါးတစ်ကောင်လိုပါတယ်
ကျန်းမာရေးအတွက်
သတင်းစာမဖတ်ပါနဲ့
လက်ကိုင်ဖုန်းကို ပိတ်ထားပါ
ဖြစ်နိုင်ရင် ဒီနေ့ဘာနေ့လည်းဆိုတာတောင်
မသိတာအကောင်းဆုံးပါပဲ
ဒီစိတ်ကူးကို ပုလင်းခွံထဲထည့်
ပင်လယ်ထဲမျှောလိုက်ပါ
ရေနစ်နေတဲ့သဘောၤတစ်စင်းက
ဖတ်မိပါလိမ့်မယ် ။
ကြည်ဇော်အေး
25 frb 2020
Labels: ကြည်ဇော်အေး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home