23 February, 2020

အိမ်ပြန်ခြင်းများ

ရန်ကုန်ရဲ့အဲဒီအမှောင်ထဲမှာပဲ
ငါဟာ အမြဲတမ်းအိမ်ပြန်ခဲ့ရတယ်
လူတစ်ယောက်ဟာ ဘာအတွက်များ
မဖြစ်မနေအိမ်ပြန်ရမှာလဲ ဆိုတဲ့
သမိုင်းဝင်မေးခွန်းကို မဖြေမချင်း
ငါ့အရိပ်ဟာငါ့ကိုအိမ်ဆီဆွဲခေါ်သွား
ကိုယ့်အပေါ်သစ္စာရှိလွန်းတဲ့ခွေးပေါ့

စီးတီးမတ်ထဲကနောက်ဆုံးဈေးဝယ်သူဟာ
ရပ်သွားပြီဖြစ်တဲ့ စက်လှေကားပေါ်က
နွမ်းနယ်စွာ တစ်လှမ်းဆင်းလာတယ်
ခဲနေတဲ့ ငြိမ်သက်ရေတံခွန်ကြီးတစ်ခုရဲ့
တဝေါဝေါ အတိတ်ပဋိပက္ခထဲ
အလိုမတူစွာဖြတ်သန်းရသလိုမျ ိုး

သားအတွက် မိုင်လိုနဲ့ခရိုဆွန်တွေ
ကိုယ်တို့လင်မယားအတွက်တော့
ထုံးစံအတိုင်း အဆီထုတ်ထားတဲ့ နွားနို့
ပြီးတော့ တားမြစ်ထားတဲ့ပန်းသီးတွေ
ကွန်ဒွန်တချ ို့ နဲ့ ibuprofen ဆေးပြားတချ ို့
ကိုယ့်ဈေးဝယ်လှည်းထဲမှာ တလျှောက်လုံး
မာ့က်စ်ရဲ့ဆဲရေးသံတွေထွက်နေတယ်

မျက်စိမှိတ်ပြီးမောင်းလို့ရတဲ့လမ်းတွေ
ပြန်စရာအိမ်မရှိတဲ့လူအနည်းအကျဉ်း
ကားတစ်စီးကလမ်းတွေကိုရေနဲ့ဆေးလို့
မအောင်မြင်တဲ့တော်လှန်ရေးရဲ့မြင်ကွင်းပဲ
ဝံပုလွေတွေရဲ့မျက်လုံးလိုလမ်းမီးတွေ
ငါဟာကားမောင်းရင်း အူလိုက်မိတဲ့အထိ
ရန်ကုန်ရဲ့အမှောင်ဟာ မှားယွင်းစေတယ်
မီးကိုတွေ့ရှိဖို့လည်း သိပ်စောနေသေးရဲ့

အောင်ခင်မြင့်

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home