23 February, 2020

လျှပ်စီး

မြို့လည်လမ်းမမှာ
လူတွေတဖွဲဖွဲ ရွာနေတယ် ။

အခန်းကိုမီးပိတ်ပြီး
အပြင်ကို ငေးရော်ရီနေခဲ့။

စက္ကူစလေးတွေ ဆုတ်ဖြဲပြီး
လမ်းတွေပေါ်ကို ခုန်အုပ်ကြဲဖြန့်လို့ပေါ့ ။

ဆက်လွှတ်မချလိုက်ပါနဲ့
တိမ်တွေ
ဒိုင်ယာရီတစ်အုပ်လုံးထစ်ချုန်းနေဆဲမို့ ။ ။

ဝင်းမြင့်
၁ ၂ ၂၀၁၈

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home