နီနီ
မြည်းချင်စရာတွေခြောက်ကပ်အက်ကွဲလာတဲ့
စားပွဲမှာ
ဆွတ်ကြင်လာတဲ့အစလေးတစပဲဖြစ်ဖြစ်
စိုပြေမက်မောရပါတယ် နေဝန်းနီနီရယ် ။
ခွဲထွက်တော့မလား
သစ်ရွက်တွေကိုလှမ်းမေးတော့
မဖြေဘူး
အလိုလိုကြွေကြတယ်။
မနေ့က
မင်းအကြောင်းတရားလေးမေးမိတာနဲ့
ငါ့မှာရှတယ်
ခဏ ခဏပဲ ။
မင်းပေးတဲ့ဒဏ်ရာဆိုတာ
ငါ့မှာက ရေထဲရေးတဲ့အရုပ်ပါကွယ် ။
ရထားကခုတ်မောင်းနေဆဲ
ဘူတာကို
မင်းကရွှေ့ထားတယ် ။ ။
ဝင်းမြင့်
၃ ၂ ၂၀၂၀
Labels: ဝင်းမြင့်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home