23 February, 2020

သိမ်းထားမှုများ

အားလုံးကတော့ ပြောနေကြတာပဲ
ကိုယ်မှ မကြားချင်တာ
အိမ်ရှေ့မှာ ဆည်းလည်းသံရှိတယ်
နောက်ဖေးမှာ အမှုန့်ကြိတ်စက်ရှိတယ်
မမြင်ရတာကိုပဲ အကျယ်ရှင်းလင်းတဲ့
ပဉ္စမ လမ်းသွယ်လေးရှိတယ်
ဘဝဆိုတာ ကားကြပ်တာကို
ရှောင်နေလို့မရဘူး
မုန့်ဗူးဆိုပြီး စောက်ဆံတွေ လာဘ်ထိုးတဲ့
ဟိုတခေတ်ကိုတောင် သတိရမိသေးတယ်
မျှော်လင့်ချက်ဆိုတာ
လမ်းမကူးခင် ကားကြည့်ရသလိုပဲ
ဓါးကလည်း မသွေးပဲ ထားတာတောင် ထက်တုန်း
သင့်အပြုံးလေးကို လှီးဖြတ်ခွင့်ပြုပါ ။ ။

ဝင်းမြင့်
၅ ၂ ၂၀၂၀

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home