23 February, 2020

ဆောင်းနှောင်းရွက်ကြွေ

သူကလေးရဲ့ရှေ့မှာ
အစားထိုးထားတဲ့
မှန်အသစ်နဲ့ မှန်ဘောင်။

တင့်တောင်းတင့်တယ် နှစ်ပရိစ္ဆေဒတွေရဲ့
ကာလပုပ်သိုးမှုအောက်က
ထမြောက်ရှင်သန်နေတဲ့ငယ်ဘဝပုံရိပ်ယောင်တခု။

ငှက်တွေပြန်တော့
ကျန်ခဲ့တဲ့ရာသီဟာ
နွေလို့မည်တယ်။ ။

ဝင်းမြင့်
၁၁ ၂ ၂၀၂၀

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home