23 February, 2020

ငှက်ဖျား


အိမ်ပြန်ချင်တယ်
လမ်းရဲ့ထောင့်မှာ စက္ကူပန်းရုံ
မြေမှာ ပျဉ်းမရွက်ကြွေ
ပြီးတော့မှ အသံလာပေးတဲ့တိတ်တိတ်ဆိတ်ဆိတ်
အတိတ်များ။
တံခါးမှာညှပ်ထားခဲ့တဲ့စာအိတ်
အတိတ်ကိုပြန်မောင်းနေတဲ့ရထားသံလမ်းဟောင်း
အခုတော့ ကုန်ရောင်းကုန်ဝယ်သမား ။
တဘဝလုံး ငှက် ခါး
နားလည်းမနား
သွားလည်းမသွား။ ။

ဝင်းမြင့်
၁၉ ၂ ၂၀၂၀

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home