အအေး
မပျော်ရွှင်တာကို
မျှော်စင်လို့ ခေါ်ပြီး
ကြေကွဲရတာတွေက
ရေခဲကစတယ်။
ဒါနဲ့ နွေရောက်ပြီလားဆိုတော့
ထွက်ပြေးနေတဲ့စမ်းချောင်းငယ်လေးက
သဲကိုလှန်ပြတယ်။
သစ်ရွက်ကြွေတွေ ရှက်မနေနိုင်တဲ့ကာလပဲ
တရားလည်းမြဲသလို
အချစ်လည်းမြဲရတော့မှာပဲ။ ။
ဝင်းမြင့်
၂၂ ၂ ၂၀၂၀
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment