သင်၏ သစ္စာရှိသော ကျောက်သမားနဲ့ တစ်ညနေ
တစ်ယောက်ချင်း ဦးခေါင်းများပွင့် နှလုံးသားများ ပွင့်နေတာပဲ အညံ့ပန်း တစ်ပွင့်နဲ့ စ ၊ တနင်္လာမှာ မလွဲသောမိုး ခိုရင်း ၊ ချက်ကြိုးထဲ ခိုသွေးထဲ ခိုဝင်နေတဲ့ကျောက် လက်ထဲမှာ ကဗျာကိုင်ထားရင်း ကျောက်အောင်ရင်း ညနေထဲ အောင်နေတဲ့ မှော်မှာ မိုးမှောင်ကျ ၊ ဘယ်သူမှ ပြန်မရ အမြင့်ပျံမရ ၊ ကျောက်မီးသွေး လုပ်သမားများ ကျောက်မီးသွေးတွင်း ပြိုအကျမှာ အာလူးစားသူများ သေသွား ၊ မီးအိမ်နဲ့သာ ကွယ်လွန်ပြီးနောက် တောက်ပ အာလူးများ မဟူရာကျောက် ဖြစ်သွား ၊ ကမ္ဘာကျော် အာလူးများမှ ကမ္ဘာကျော် ကျောက်စိမ်းများ ၊ တူးရင်းသာ တွင်းပြိုသွားမယ် ကိုယ့်သေတွင်း ကိုယ် တူးသလို အဖြစ်များ ၊ အချစ်များ ၊ ဒီမှာလည်း ဒီ့ထက်မက ကံမပါတော့တာ သိပြီးသားမှာ ၊ ကျောက်တူးသမားမှ ကျောက်သွေးသမား အကွက်ဖော် ပန်းစကြာ အဆင်အသွေးများ ဆွေးသွား ၊ ဘုရားကျောင်း ပြတင်းပေါက် တစ်ခုမှာ သွေးစက် သရဖူ သွေးရင်းပျက်သွား ၊ ပျက်သွားလည်း သွေးမပျက် ကျောက်ပျက်သွားလည်း ချစ်ရက် ချစ်ရက်ရှည်ရှည် ကျောက်စိမ်းမြေမှာ ကဗျာအလှ ချောက်ကမ်းပါး ပစ်စာအကျမှာ လက်နဲ့ဖမ်း ခြေနဲ့ကာ ဦးခေါင်းနဲ့ ထိုးခံလာ ၊ အိမ်အပြန်လမ်းမှာ ရေမဆေးကျောက်ထဲ အနမ်းမိုးသည်းလာ ၊ ကျောက်သမား ညည်းဆိုလာ ‘ ချစ်ရည်ရွှန်းလဲ့ မျက်ဝန်းလဲ့ပြာပြာ ’ ကမ္ဘာကျော် အပယ်ရတနာ ။ ။
စိုင်းဝင်းမြင့်
၂၀ ၊ ၇ ၊ ၂၀၁၅
Labels: စိုင်းဝင်းမြင့်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home