ကဗျာ ရေးခြင်း

ကဗျာရေးရင်း
ကဗျာမဟုတ်တာတွေပါ ရောရေးမိတယ်

ကဗျာမဟုတ်တာတွေထဲ
ကဗျာတွေရော ရောပါသွားတယ်

ကဗျာတွေ ပြန်လာမလား
အရေးအခင်းတစ်ခုထဲမှာ
ကြွေးကြော်သံတွေ ရေးရင်း တွေးမိတယ် ပြောတာပဲ

လှည့်လည်ချီတက်ပွဲတွေမှာ
ထမင်းထုပ်တွေ ဝေရင်းလည်း
ကဗျာတွေ ပြန်လာမလား
တွေးမိတာပါပဲ

အမြဲတမ်းလိုလို
ကဗျာတွေ ရေးမိပြီဆို
ကဗျာထဲ ကဗျာပါလာဖို့က
အဓိက မဟုတ်လား

ကဲ
ကဗျာတော့ ရေးနေမိပါပြီ
ကဗျာရေးရင်း
ရေတွေလည်း ကြီးလာကြတယ်
မြေတွေလည်း အသိမ်းခံကြရတယ်

ကဗျာ ရေးကြပါ
ကဗျာပါပါစေ
ကဗျာရေးနေပါတယ်

မိုးဝေး
၂၂-၂-၂၀၂၀

No comments:

Post a Comment