23 February, 2020

၁ နာရီ ၁၉ မိနစ်

မအိပ်ကြသေးဘူးလား ငါ့လို

စီးကရက်လည်း ဖွာစရာ မရှိပဲ
အငွေ့တွေ မှုတ်ထုတ်နေမိသလို

အို လူ့အဖြစ်များ

ဘက်ထရီလို
ကုန်စရာ ရှိတာများ ကုန်ပါတော့

ပြန်လည် အားသွင်းလို့ အားပြည့်တဲ့အခါ
နောက်ဘဝတစ်ခုမှာ ဆုံကြမယ်ဆို

ငါ့အလိုလည်း မဟုတ်
မင်းအလိုလည်း မဟုတ်
ဒါ ငါတို့ ပြုလုပ်လို့ မရတဲ့အရာ

ဘာပါလိမ့်။

မိုးဝေး

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home