မအိပ်ကြသေးဘူးလား ငါ့လို
စီးကရက်လည်း ဖွာစရာ မရှိပဲ
အငွေ့တွေ မှုတ်ထုတ်နေမိသလို
အို လူ့အဖြစ်များ
ဘက်ထရီလို
ကုန်စရာ ရှိတာများ ကုန်ပါတော့
ပြန်လည် အားသွင်းလို့ အားပြည့်တဲ့အခါ
နောက်ဘဝတစ်ခုမှာ ဆုံကြမယ်ဆို
ငါ့အလိုလည်း မဟုတ်
မင်းအလိုလည်း မဟုတ်
ဒါ ငါတို့ ပြုလုပ်လို့ မရတဲ့အရာ
ဘာပါလိမ့်။
မိုးဝေး
No comments:
Post a Comment