ပြန်ဆုံမလား ပြဇာတ် ၃

သူငယ်ချင်းမိတ်ဆွေတွေ
မင်း ဘာလဲ ငါ ဘာလဲ

ဟိုးတုန်းကအတိုင်း
ကောက်ကွေ့ကြပြန်တယ်

အဲဒီအကောက်ကွေးကွေးကြီးကိုပဲ
ဖြောင့်တန်းစွာ သယ်ဆောင်လာကြပြန်ပါတယ်

ဘယ်မှာ နား​ကြမလဲဆိုတော့
အရိပ်ဟာလည်း ကွေးကောက်လို့
အေးမြနေတယ်

မိုးဝေး
၂၂-၂-၂၀၂၀

No comments:

Post a Comment