ချစ်ခြင်း
ကိုယ့်အကြောင်းက
မသေကောင်း မပျောက်ကောင်း။
ကိုယ့်အဖြစ်က
မနှစ်ကနဲ့ မတူ။
ကိုယ့်ကိုကြည့်ရတာ
အသည်းကွဲနေသလားလို့ တဲ့။
ဘယ်လိုလဲဆိုလာတော့
ဒီလိုပါပဲပေါ့။
ဒီလိုပါပဲဆိုတော့လည်း
ဒီလိုပါပဲဆိုတာ ဘယ်လိုလဲ ဆိုလာပြန်ပေါ့။
ကိုယ်ဘာပြောတတ်မှာလဲ
အလျော့တွက်နဲ့ လက်ခက
ရွှေသားနှစ်ဆ
ပန်းတိမ်ငိုပန်းတွေ လှတယ်။
ဘယ်လိုဒဏ်ရာနဲ့မှ အရေးပေါ်ရောက်မလာ
မိုးသားများဆိုလည်း လေထဲ
ပျော်ရွှင်စွာ ပျံဝဲကြလေသတည်းမှာ။
ဘယ်လိုပင် အမြင်ကွယ်သော်လည်း
ပင်လယ်ကိုအကျယ်ချဲ့လို့မှ မရတော့တာ။ ။
စိုင်းဝင်းမြင့်
၁၈ ၆ ၂၀၁၇
Labels: စိုင်းဝင်းမြင့်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home