23 February, 2020

တွံတေးသိန်းတန်ရဲ့ အချစ်သီချင်း


င့ါအရွယ်တွေ အောင်မြင်နေကြပြီ
ငါ့အရွယ်တွေ သေကုန်ကြပြီ

တချို့စစ်ဗိုလ်ကြီး
တချို့ဆရာဝန်ကြီး
တချို့အမတ်ကြီး
တချို့ ဖာခေါင်းကြီးလုံးလုံးပဲ

ပင်လယ်ဟာ ငါးတွေကြောင့်အရသာရှိသလို
ဆားတွေကြောင့်လည်း ပိုအရသာရှိတယ်

လေကြောင့်သင်္ဘောနစ်ရသလို
လေကြောင့်ရွက်လွှင့်ရတယ်

စာသင်ခန်းထဲ အချစ်ဝတ္ထုခိုးဖတ်လို့
နေအလှန်းခံရ

ကဗျာရေးလို့
ရည်းစားနဲ့ကွဲရ

ဆရာမခြင်းပြေးဆွဲတဲ့အထဲ မပါခဲ့တာ
ငါခုထိဂုဏ်ယူမဆုံး

နောက်ဆုံးခုံပေါ်မှာ
ကာတွန်းရေးခဲ့တာ ခုထိ ငါဂုဏ်ယူမဆုံး

အလံကိုဖောင်းစေပွစေတဲ့ လေ
ငါအလွတ်ရတယ်

နောက်ပြန်ဆုတ်မဲ့တံတားကို
မီးတင်ရှို့ရဲတဲ့ ကဗျာ ငါအလွတ်ရတယ်

မင်းပြစ်မင်းဒဏ်သင့်တဲ့ကဗျာ
မဲဇာကို ငါအလွတ်ရတယ်

မိုးရွာရင်ပျော်တယ်
လက်ဖက်ရည်ဆိုင်ထိုင်ပြီး
ငါ ဆေးခြောက်ရှူတယ်

အခု ငါပင့်ဖလွိုက် နားထောင်နေတယ်
"We don’t need no education for control"

ကက်ဆက်ခလုတ်ကိုဖွင့်လိုက်
လာမရစ်နဲ့။

ကြည်ဇော်အေး
3 Jan 2020

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home